မေလတွင် ဂျပန်နိုင်ငံသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၃ ဒသမ ၀၄ သန်းရှိ

တိုကျို  ဇွန်  ၁၉
ဂျပန်နိုင်ငံ၌  မေလတွင်  နိုင်ငံခြား ခရီးသွား စုစုပေါင်း ၃၀၄၀၁၀၀ ဦး ရှိခဲ့ကြောင်းနှင့် သုံးလဆက်တိုက် သုံးသန်း  ကျော်လွန်လာခြင်းဖြစ် ကာ မေလတွင် စံချိန်တင်မြင့်တက် ခဲ့ကြောင်း   ဗုဒ္ဓဟူးနေ့က  ဖော်ပြ သော အစိုးရအချက်အလက်များ အရ သိရသည်။ 
အဆိုပါ အရေအတွက်ပမာဏ သည် ယခင်နှစ် မေလနှင့်နှိုင်းယှဉ် လျှင်   ၆၀   ဒသမ   ၁  ရာခိုင်နှုန်း မြင့်တက်လာပြီး    ၂၀၁၉   ခုနှစ် မေလနှင့်နှိုင်းယှဉ်လျှင် ၉ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဂျပန်အမျိုးသား ခရီးသွားလုပ်ငန်း အဖွဲ့က  ထုတ်ပြန်သော  အချက် အလက်အရ သိရသည်။ 
ယခုနှစ်  ပထမငါးလအတွင်း ပြည်ဝင်ခရီးသွား   အရေအတွက် စုစုပေါင်းမှာ  ၁၄   ဒသမ  ၆   သန်း ရှိသည်ဟု ဆိုသည်။ ကမ္ဘာ့နေရာ ဒေသအများအပြားတွင် ကျောင်း ပိတ်ရက်၊ အားလပ်ရက်များအတွင်း    ခရီးသွားလိုအပ်ချက်     မြင့်တက် လာမှုအပါအဝင်   အကြောင်းရင်း များစွာကြောင့် ထိုကဲ့သို့  တစ်ဟုန် ထိုး မြင့်တက်လာခြင်းဖြစ်ကြောင်း ခရီးသွားလုပ်ငန်းအဖွဲ့က မှတ်ယူ ထားသည်။
ဂျပန်နိုင်ငံသို့         ခရီးသွား ဝင်ရောက်မှုအများဆုံးမှာ တောင် ကိုရီးယားနိုင်ငံက      ခရီးသွား ၇၃၈၈၀၀  ဦးဖြင့် အများဆုံးဖြစ်ပြီး ၂၀၁၉    ခုနှစ်    ကိုဗစ်ကပ်ရောဂါ မတိုင်မီကာလကထက် ၂၂ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရသည်။   တရုတ်နိုင်ငံက    ခရီး သွားဝင်ရောက်မှု ၅၄၅၄၀၀ ဦးရှိပြီး ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၇ ဒသမ  ၉   ရာခိုင်နှုန်း    ကျဆင်းခဲ့ ကြောင်း သိရသည်။ 
မေလတွင် ပြည်ပထွက် ဂျပန် ခရီးသွား       အရေအတွက်မှာ  ၄၈၆၇၇၀၀    ဦးရှိသည့်အတွက် ယခင်နှစ်     အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၆၇ ဒသမ ၂ ရာခိုင်နှုန်း    မြင့်တက်လာသော်လည်း  ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်လျှင်  ၃၉  ဒသမ ၃ ရာခိုင်နှုန်း  ကျဆင်းလျက်ရှိနေ ကြောင်း သိရသည်။      

ဆင်ဟွာ