နိုင်ငံရေးပါတီတည်ထောင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိ

နေပြည်တော်    ဇွန်   ၂၀
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ရန်အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်လိုသော   လူမှုစီးပွားမြှင့်တင်ရေးပါတီ သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီ တည်ထောင် ခွင့်ကို   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့     ယနေ့တွင် လာရောက်လျှောက်ထားခဲ့သည်။
ယနေ့အထိ  နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း  ဥပဒေပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၁၇  ပါတီရှိပြီး  နိုင်ငံရေးပါတီ များ  မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ  နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ ၅၀  စုစုပေါင်း ၆၇ ပါတီ ရှိပြီဖြစ်သည်။   ယခု   လျှောက်ထား သည့်အဖွဲ့အား   ပါတီတည်ထောင်ခွင့်ပြုနိုင်ရေး      ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က    ဆက်လက်စိစစ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။                သတင်းစဉ်