
ရွှေတောင် ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ယနေ့ နံနက် ၁၀ နာရီက အခွန်ဆိုင်ရာပညာပေးရှင်းလင်းပွဲ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်း အောင်က အမှာစကားပြောကြားပြီး ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ကြည်ပြာခင်က ပြေစာများအပေါ် အခွန် အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာပြဋ္ဌာန်းချက်များအပေါ် အခွန်အမှတ် တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို ရှင်းလင်းပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)