
နေပြည်တော် ဇွန် ၂၂
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ဘူတာကြီးဝင်းအတွင်းရှိ မြေကွက်လပ်၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ၎င်းတို့၏ ဇနီးများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး နှင့် ဇနီးတို့က ဦးဆောင်ပြီး အခမ်း အနားသို့ တက်ရောက်လာကြသူများနှင့်အတူ ရတနာတန်းဝင်ကျွန်းပင်၊ ပိတောက်၊ ပျဉ်းကတိုးနှင့် အရိပ်ရလေကာပင် စုစုပေါင်းအပင် ၁၀၀၀ ကို စိုက်ပျိုးပေးကြပြီး ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို လိုက်လံ ကြည့်ရှုအားပေးသည်။
ယနေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ဝန်ကြီးဌာနအောက်မှ ဌာန၊ အဖွဲ့အစည်းများတွင်လည်း တစ်ချိန်တည်းတစ်ပြိုင်တည်း သစ်ပင် စိုက်ပျိုးပွဲတော်ကို ကျင်းပကြပြီး ရတနာတန်းဝင်အပင်၊ အရိပ်ရ လေကာပင်နှင့် သီးပင်စားပင်မျိုးစုံ စုစုပေါင်း ၂၃၇၉၃ ပင်ကို စိုက်ပျိုးခဲ့ ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်