ဒီမိုကရေစီထက်အရေးကြီးသော တည်ငြိမ်မှုနှင့်အတူ ငြိမ်းချမ်းရေးအတွက် စစ်ပြင်နေမှုများ နားစွင့်ပါ

Type


 မြင့်မြတ်

ကျွန်တော်တို့နိုင်ငံက  လူတွေမှာ  မတူကွဲပြား၊   ခြားနားစိတ်အထွေထွေ၊  အယူအဆအမျိုးမျိုးနဲ့ အမြင်မတူတာတွေကို တူအောင်လုပ်မယ်ဆိုတဲ့ စေတနာနဲ့တကွ ဉာဏ်ပညာမရှိသရွေ့ ကျွန်တော်တို့ နိုင်ငံကြီးဟာ ဒီမိုကရေစီနဲ့မထိုက်တန်သေးပါဘူး။ အားကြီးရင် အားသေးတဲ့သူအပေါ် နိုင်စားလုပ်ချင်ကြတယ်၊ အချောင်သက်သက်ချမ်းသာချင်တဲ့ လောဘအားကြီးလွန်းတော့ အဂတိလာဘ်ပေး လာဘ်ယူက ကူးစက်ရောဂါ အကြီးစားကြီးတစ်ခုလို၊ လိုချင်တာမရလို့ ဒေါသအားကြီးလာတဲ့အခါ မိမိကိုမထောက်ခံတိုင်း  သတ်မယ်ဖြတ်မယ်ချည်း၊ အရာရာကို ထိန်းချုပ် နိုင်စွမ်းမရှိ အာဃာတအငြိုးအ‌တေးကြီးသူတွေ၊ စိတ်နဲ့ခံစားလွယ်ပြီး အသိဉာဏ်နဲ့ မဆင်ခြင်တတ်သူတွေဟာ ဒီမိုကရေစီနဲ့တန်ပါရဲ့လား၊ ဒီမိုကရေစီနဲ့မတန်တဲ့ သူတွေကြောင့် မငြိမ်းချမ်းခြင်းဖြစ်လာတယ်၊ ကမ္ဘာကြီးလည်း ထို့အတူ... ကမ္ဘာသူ၊ ကမ္ဘာသားတွေမှာ ယခုအခါ တတိယ ကမ္ဘာစစ်မီးဖြစ်မယ့်အရေး ကျီးလန့်စာစားဖြစ်နေကြရတယ်။  စစ်မက်ဆိုတဲ့ကပ်ဘေးကြီးကို ကြောက်နေရတဲ့ ဘဝများစွာကြားမှာ စစ်ပြင်သူ ကလည်း ပြင်နေကြပြီဖြစ်တဲ့အခါ...။
နာကျင်မှုဒုက္ခတွေကြားက 
မျှော်လင့်ဖွယ်ငြိမ်းချမ်းရေး ဒီမိုကရေစီအရေး
မြန်မာနိုင်ငံမှာလည်း   ဘယ်မလဲ ဒီမိုကရေစီ။    ကိုယ်တိုင်က ဒီမိုကရေစီမရှိ။    ကိုယ်တိုင်လည်းမကျင့်၊    ကိုယ်နဲ့မထိုက်တန်တဲ့ ဒီမိုကရေစီကို မျက်စိမှိတ်တောင်းဆိုခဲ့ကြဖူးတယ်။   ကိုယ်တိုင်လည်း တရားမရှိ၊  မျှမျှတတလည်း မလုပ်တတ်၊   ဘာစံနှုန်းမှလည်းမရှိဘဲ ဒီမိုကရေစီစံနှုန်းဆိုပြီး ယောင်ခဲ့ကြဖူးတယ်။  ဒီမိုကရေစီက လူထု အကျိုး၊ အများအကျိုးအတွက်၊ လက်ရှိဖြစ်နေတာက ကိုယ့်အကျိုး ချည်းဖြစ်နေတယ်... ပြန်ကြည့်ပါ။ 
အသိဉာဏ်ဆင်းရဲခြင်းက  စစ်မှန်တဲ့ဒီမိုကရေစီနဲ့မလိုက်ဖက်၊ ကိုယ်တိုင်က ငါနဲ့မတူ ငါ့ရန်သူသဘောထား၊  အာဏာရှင်တိုက်ဖျက်ကြ ဆိုပြီး အာဏာရှင်ဆန်ဆန် လူသတ်ပြ‌နေဆဲ၊ အကြမ်းဖက်တွေရဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေကြောင့်  သေကျေဒဏ်ရာရခဲ့ကြတဲ့    ကျောင်းသား အရွယ် လူမမည်လေးတွေရဲ့ လတ်တလောအဖြစ်တွေ၊ အပြစ်မဲ့ပြည်သူ တွေ၊   အပြစ်မဲ့တိုင်းရင်းသားတွေရဲ့အဖြစ်တွေ၊    ဖွံ့ဖြိုးရေးအတွက် ဦးတည်တဲ့   လမ်း၊  တံတား၊ အခြေခံအဆောက်အအုံတွေကိုတောင် အများသူငါအသက်အိုးအိမ်စည်းစိမ်ကိုမကြည့် ဗုံးခွဲတိုက်ခိုက်ခဲ့သူတွေ၊ တိုက်ခိုက်ဖို့ဝန်မလေးခဲ့ကြသူတွေဟာ  ဘယ်လောက်ပညာရေချိန် အားနည်းပြီး  အသိဉာဏ်တွေဘယ်လိုအားနည်း‌ကြောင်း   သိခဲ့ရပြီ မဟုတ်လား။
 ဒါပေမယ့် အခုလို အကြမ်းဖက်မှုတွေကို  ခိုင်းစေသူတွေမှာတော့ ပညာမပါဘဲ ပညာရှင်ဆန်ပြနေတုန်းပါပဲ။ သဘောတရားချည်းရွတ်၊  လက်တွေ့မပါတဲ့ အကန်းများသာဖြစ်နေကြရရှာတယ်။ ကမ္ဘာနဲ့ မြန်မာ အဖြစ်အပျက်တွေကနေ နာနာကျင်ကျင်နဲ့ သင်ခန်းစာယူရမယ့်အရာ တွေ များစွာရှိနေပါတယ်။ ဒီကြားထဲကပဲ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ၊  စည်းကမ်းရှိတဲ့ ဒီမိုကရေစီအရေး ၊ မဆုတ်မနစ်အားထုတ် ကြိုးပမ်းနေကြတဲ့  ခေါင်းဆောင်တွေ၊  ပါတီအဖွဲ့အစည်းတွေကြောင့် တိုင်းရင်းသားပြည်သူတွေဘက်က မျှော်လင့်ချက်တွေရှိလာတာကို တော့ ဝမ်းသာအားတက်ဖွယ်အဖြစ် ဖော်ပြလိုပါတယ်။
တတိယကမ္ဘာစစ်ကို ဖန်တီးနေသူတွေကြောင့်
မြန်မာဘက်ကနေ ကမ္ဘာကြီးဘက် ခဏလှည့်ကြရအောင်။  အခု အချိန်မှာ ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံပူးပေါင်းမှုက အမေရိကန်နဲ့ နေတိုး ကို ယှဉ်နိုင်လာတဲ့ အရွေ့တစ်ခုကိုတွေ့နေရတယ်။ ရုရှားနဲ့တရုတ်က စီးပွားရေးကို အားသွန်ထူထောင်ရင်း စစ်ရေးအရ တန်းတူအနေအထား တစ်ခုရောက်လာတဲ့အခါ   မကြာခင်မှာ   အမေရိကန်နဲ့ နေတိုးကို ကျော်ဖြတ်သွားမယ့် အလားအလာတွေ ရှိလာနေတယ်။
အကယ်၍ ထိုင်ဝမ်က တရုတ်ကနေခွဲထွက်ပြီး    လွတ်လပ်ရေး ကြေညာခဲ့ရင် တရုတ်က ထိုင်ဝမ်ကို စစ်ရေး၊ စီးပွားရေးအရ ဖိအားပေး ဖြေရှင်းဖို့ အဆင်သင့်ဖြစ်နေသလို ရုရှားကလည်း နေတိုးလက်နက်တွေ သူ့ပြည်တွင်းအထိ  တိုက်ခိုက်တာနဲ့တစ်ပြိုင်နက် နေတိုးနိုင်ငံတွေ ကို တိုက်ခိုက်ဖို့ပြင်ထားပြီးပြီ။  လက်ရှိမှာ ရုရှားက  ယူကရိန်းစစ်ကို ရပ်စဲပြီး ငြိမ်းချမ်းရေးအတွက် အသင့်ဖြစ်နေပေမယ့် ယူအက်စ်နဲ့ နေတိုး က ယူကရိန်းကို စစ်လက်နက်တွေ အဆက်မပြတ်ထောက်ပံ့၊ စစ်ကို ပိုမိုပြင်းထန်စေပြီး ရေရှည်စစ်အထိ ဆွဲဆန့်ဖို့နဲ့ ကမ္ဘာကြီးကို တတိယ ကမ္ဘာစစ်အထိ အပါခေါ်ဖို့လုပ်နေပုံရတယ်။ 
ဒီမိုကရေစီစနစ်ကျင့်သုံးပြီး လူ့အခွင့်အရေးမှာ စံပြဆိုတဲ့ ယူအက်စ် နဲ့ နေတိုးခေါင်းဆောင်တွေဟာ  ယူကရိန်းနဲ့   ဂါဇာပြည်သူတွေကို မညှာမတာ စစ်မီးလောင်တိုက်ထဲ သွင်းနေသလို လိုအပ်ရင် ရုရှား ဘက်က  နျူလက်နက်ပါထုတ်သုံးဖို့အထိ   ဖြစ်လာအောင်လုပ်မယ့် အနေအထား၊ ညှိနှိုင်းဖြေရှင်းဖို့ကျတော့လည်း ရုရှားက သူ့ဘက်က သိမ်းပြီးနယ်မြေအားလုံးပေးမှ စစ်ပြေငြိမ်းပေးမယ့် သဘောပြောနေပြီ။ တကယ်တမ်းဆန်းစစ်ရင်  အမေရိကန်နဲ့နေတိုးဟာ   သူတို့အကျိုး အတွက်ဆိုရင် ဘာမဆိုစတေးပစ်မယ့် အနေအထားတချို့ကို ယူကရိန်း နဲ့ဂါဇာအရေးကနေ သတိထားမိတယ်။ 
စစ်ကြောင့် ယူကရိန်းပြည်သူတွေ၊ ဂါဇာကအရပ်သားတွေ ဒုက္ခ အကြီးအကျယ်ရောက်နေမှုကို အမေရိကန်နဲ့ နေတိုးခေါင်းဆောင်တွေ လျစ်လျူရှုနေကြတယ်။ ယနေ့ စစ်ဘေးဒုက္ခနဲ့ အငတ်ဘေးကို UN ကလွဲပြီး ဘယ်သူမှ စိတ်မဝင်စားနိုင်အားကြဘူး။ ဒီအချိန်မှာ ပြည်တွင်း မှာ နိုင်ငံရေးအကွဲအပြဲနဲ့ပါ သိက္ခာကျနေတဲ့ ယူအက်စ်ခေါင်းဆောင် တွေ၊ EU ပါလီမန်မှာ အခြေအနေမကောင်းတဲ့ ဥရောပခေါင်းဆောင်တွေ သူတို့ဘာလုပ်နိုင်မလဲ၊    ဒီမိုကရက်တွေသမုတ်တဲ့     အာဏာရှင် ခေါင်းဆောင်ဆိုသူတွေက သူ့ပြည်သူ၊ သူ့နိုင်ငံအတွက် အပြောင်းအလဲ တွေလုပ်၊  ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီး စီးပွားရေးတိုးတက် တည်ငြိမ် အေးချမ်းနေချိန်မှာ ယူအက်စ်မှာ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကင်တို့ ရန်ဖြစ်ကောင်းတုန်း။ 
ဘာအပြောင်းအလဲ၊ ဘာတိုးတက်မှုမှ မလုပ်နိုင်၊ ကိုယ့်အားနည်း ချက်ကို ကိုယ်မမြင်နိုင်တဲ့ ယူအက်စ်ခေါင်းဆောင်တွေရဲ့ အားနည်းချက် ကို သင်ခန်းစာယူမိတယ်။ ဘာသွားတွေ့ရသလဲဆိုတော့ ယနေ့ခေတ် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ          ဒီမိုကရေစီကအရေးကြီးသလား၊ ခေါင်းဆောင်မှုက အရေးကြီးသလား၊   စနစ်ကအရေးကြီးသလား၊ လူကအရေးကြီးသလားဆိုတာ တွေ့လာရတယ်။ ဒါ့အပြင် ခက်ခက် ခဲခဲတည်ဆောက်ရတဲ့ နိုင်ငံတစ်ခုရဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်မှာ နိုင်ငံရေးအမြင်အပြင် စစ်ရေးအမြင်ရှိမှုကလည်း အရေးပါတယ်ဆိုတာ တွေ့ရပြန်တယ်။  (ယူကရိန်းခေါင်းဆောင်နဲ့ အစ္စရေးခေါင်းဆောင် တွေရဲ့ နမူနာကို နှိုင်းယှဉ်ကြည့်စေချင်ပါတယ်)။
အနောက်ဒီမိုကရေစီသည် ယနေ့ကမ္ဘာကြီးမှာ တကယ်အလုပ်ဖြစ်ရဲ့လား
အထူးသဖြင့် အနာဂတ်ကို ခေါင်းဆောင်မယ့် ယနေ့ကျွန်တော် တို့လူငယ်တွေ မြန်မာ့အရေး၊ ကမ္ဘာ့အရေး မျက်ခြည်မပြတ်စေချင်ပါဘူး။ ယူအက်စ်နဲ့နေတိုးဟာ  သူတို့အကျိုးအတွက်ဆိုရင်   ဘယ်လိုနိုင်ငံ၊ ဘယ်လိုပြည်သူမျိုးကိုမဆို ကိုယ်စားစစ်ပြုစတေးဖို့  ဝန်မလေးဘူး ဆိုတာ မြန်မာနိုင်ငံအရေးနဲ့ယှဉ်ပြီးလည်း သင်ခန်းစာယူနိုင်ရပါမယ်။ နောက်တစ်ချက်က စနစ်တစ်ခုကိုဆန္ဒစောပြီး အချိန်မတန်ခင် အတင်း အဓမ္မသွတ်သွင်းလိုက်လို့ မရင့်ကျက်မှုတွေကြောင့် လူ့အဖွဲ့အစည်း အတွင်းမှာ အပိုင်းပိုင်းအပြတ်ပြတ် စုတ်ဖွာသွားခဲ့တဲ့အနေအထားတွေ၊ အခုလို အယူတိမ်းပါးမှုတွေ မတူကွဲပြားခြားနားလွန်း အားကြီး‌သွားတဲ့ အခြေအနေတွေအောက်မှာ မတူတာတွေ တူတာတွေကို  ဘယ်လို ပေါင်းစပ်ယူကြမလဲ ဘယ်လိုစနစ်နဲ့ညှိယူကြမလဲဆိုတဲ့ အနေအထား တစ်ခုဟာ   ယနေ့အချိန်အခါမှာ     အလွန်တရာအရေးကြီးလာတာ တွေ့ရပါတယ်။ 
မြန်မာနိုင်ငံက  လူ့အဖွဲ့အစည်းတွေဟာ အနောက်နိုင်ငံတွေရဲ့ ဒီမိုကရေစီနဲ့တော့ အလုပ်မဖြစ်တာ သေချာတယ်။ ယူအက်စ်ရဲ့ နိုင်ငံ ရေးအကွဲအပြဲ၊ အားနည်းလာတဲ့ ဒီမိုကရေစီယဉ်ကျေးမှုနဲ့ အားကြီးရင် အားနည်းသူအပေါ်  ဖိနှိပ်အနိုင်ကျင့်တတ်တဲ့ ကျင့်စဉ်တွေဟာ စစ်မှန် စည်းကမ်းရှိတဲ့  ဒီမိုကရေစီအတွက် အတုယူစရာမဖြစ်ကြောင်း တွေ့လာ ရတယ်။ နောက်ပြီး ဒီမိုကရေစီမှာ စံပြဖြစ်ခဲ့တဲ့ အင်္ဂလန်မှာကော...

ပြည်တွင်း    ပြည်ပရေးရာတွေကို       အဆင်ပြေပြေဖြေရှင်းနိုင်တဲ့ ခေါင်းဆောင်မျိုးကို ရွေးချယ်နိုင်ပြီလား၊ ဒီမိုကရေစီရွေးကောက်ပွဲအရ တက်လာကြပေမယ်လို့ ဒီစနစ်နဲ့ပဲ သူ့နိုင်ငံရဲ့ပြဿနာတွေကို ဖြေရှင်း နိုင်ပြီလား၊  နောက်ထပ်နောက်ထပ်လေ့လာမိသမျှ   ဒီမိုကရေစီမှာ တန်းတူညီမျှမှု လွတ်လပ်မှု... စသဖြင့် တွင်တွင်ဆိုကြပေမယ့် ဘာကြောင့် ဥရောပတစ်တိုက်တည်းသား  ယူကရိန်းလူမျိုးတွေကို   စစ်ကြောင့် ဖြစ်ရတဲ့ အထွေထွေဒုက္ခဆိုးတွေကနေ လွတ်မြောက်အောင် ဒီမိုကရေစီ ခေါင်းဆောင်တွေက   မကယ်တင်ကြသလဲ၊   ဘာကြောင့်   သူတို့ကို သေတွင်းထဲထပ်ထပ်ပို့နေရပါသလဲ... သုံးသပ်ကြည့်စေလိုပါတယ်။ 
သင်ခန်းစာယူတတ်ဖို့
အထက်ပါ အင်အားကြီးတွေအတွက်မှားတာနဲ့အမျှ ကမ္ဘာကြီးမှာ စစ်မီးတဟုန်းဟုန်းနဲ့ အကြီးအကျယ်ထတောက်နိုင်တဲ့ အခြေအနေ တစ်ခုကို မြင်နေရတယ်။ ယနေ့ကမ္ဘာ့နိုင်ငံရေးသမား တော်တော်  များများဟာ အခက်အခဲကြုံရင် ထွက်ပေါက်ရှာတတ်တဲ့အလေ့ရှိတယ် ဆိုတာ မမေ့ပါနဲ့။ ယနေ့ ယူအက်စ်မှာ ခေါင်းဆောင်နဲ့မိသားစုရဲ့ မဖြေ ရှင်းနိုင်သေးတဲ့ အဂတိအမှုတွေ၊ ပြည်တွင်းနိုင်ငံရေးအကွဲအပြဲတွေက အဆိုးဆုံးအနေအထားတစ်ခုဆီကို  ရှေးရှုလာနေပါတယ်။   သူတို့ လူ့အဖွဲ့အစည်းတွေမှာ အမုန်းတရားတွေ ကြီးထွားနေပြီး တစ်ဖက်နဲ့ တစ်ဖက် နိုင်ငံရေးအရ အသေသတ်ဖို့အထိ ဖြစ်လာနေတာ  တွေ့ရ တယ်။ နိုင်ငံတကာရေးရာမှာလည်း ယူကရိန်းမှာ ကြားညပ်၊ ဂါဇာမှာ လည်း အခြေမလှ၊ တစ်ကမ္ဘာလုံးမှာ ဩဇာပါဝါကျဆင်းလာတဲ့ အခြေ အနေမှာ ယူအက်စ်ခေါင်းဆောင်တွေ ဘာလုပ်မယ်ထင်သလဲ၊ တတိယ ကမ္ဘာစစ်ကြီးရှောင်ဖို့ နေတိုးနဲ့ ထိပ်တိုက်မတွေ့ရေး ရုရှားဘက်က အတန်တန်သတိပေးနေတဲ့ကြားက    ရုရှားပြည်တွင်းထဲထိရောက် အောင် နေတိုးလက်နက်ကြီးတွေနဲ့ပစ်ခတ်ဖို့  ဂျာမနီနဲ့အမေရိကန်က ခွင့်ပြုလိုက်တဲ့အ‌နေအထားဟာ ကမ္ဘာကြီးအတွက်တော့ မကောင်း လှပါဘူး။   
အားလုံးက  စစ်ပြင်နေကြတဲ့သဘော၊   ငြိမ်းချမ်းရေးအတွက် စစ်ပြင်ကြတယ်လို့ ပြောသူချည်းပါပဲ။ ငြိမ်းချမ်းရေးအတွက် စစ်တိုက် ကြမယ်ပေါ့။ အမှန်က သူ့နိုင်ငံ၊  သူ့လူမျိုး၊ သူ့အကျိုးစီးပွားအတွက်ပဲ စစ်ပြင်ကြတာပါ။ အမှန်တကယ်ငြိမ်းချမ်းချင်ရင် အချို့နေရာတွေမှာ               မလွဲမသွေစစ်ခင်းရတဲ့အခြေအနေမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် ခက်တာ က ကမ္ဘာကြီးမှာ ပြဿနာတော်တော်များများက ဖြေရှင်းဖို့ အဖြေ ရှာမတွေ့၊ လမ်းပျောက်နေတဲ့ သဘောတွေ အကဲခတ်မိကြပါလိမ့်မယ်။
ငါးစာသာမြင်ပြီး ငါးမျှားချိတ်မမြင်တဲ့ သဘောရှိတယ်။  ဒီအချိန်မှာ “ကမ္ဘာမီးလောင် - သားကောင်ချနင်း” ဆိုသလို တတိယကမ္ဘာစစ်မီး ထဲ မင်းသားကြီးမလုပ်ရလို့ ပတ်မ ထိုးခွဲမယ့်  အမေရိကန်နဲ့  နေတိုး ဟာ ကမ္ဘာ့ပြည်သူတွေကို စစ်မီးတောက်ထဲ အပါခေါ်သွားမှာ စိုးရိမ်မိ တယ်။ ရန်သူကတော့ ရန်သူ့အလုပ် သူ့အလုပ် သူလုပ်ကြမှာပဲ။ မြန်မာ ပြည်သူတွေနဲ့ အထူးသဖြင့် အနာဂတ်မျိုးဆက် မြန်မာလူငယ်တွေ အနေနဲ့သာ ကိုယ့်ကိုယ်ကိုယ် မဖျက်ဆီးမိအောင်နေ၊ အပျက်စီးမခံဘဲ တိုင်းပြည်ကို မပြိုကွဲအောင်၊ အမျိုးမပျောက်အောင် သင်ခန်းစာယူသင့် တာယူ၊  အမှန်နဲ့အမှား၊  အဆိုးနဲ့အကောင်း  ပိုင်းခြားမြင်တတ်ကြ ဖို့သာ   လိုပါတယ်။   ငြိမ်းချမ်းရေးစကားတွင်တွင်ပြောပြီး   တစ်ဖက် မှာ     စစ်ပြင်နေကြတဲ့     သဘောတရားတွေကို     အထူးသတိချပ်ဖို့ လိုပါတယ်။
နိဂုံးချုပ်အနေနဲ့    ဘာသွားတွေ့ရလဲဆိုတော့   ယခုလက်ရှိ ကမ္ဘာကြီးဟာ မငြိမ်းချမ်းပါဘူး။   အားလုံးက  အင်အားကို   စုစည်း တည်ဆောက်နေကြပါပြီ။   မြန်မာနိုင်ငံတော်ကြီး  တည်ငြိမ်ဖွံ့ဖြိုး တိုးတက်ဖို့ ကြိုးစားရုန်းကန်နေရတဲ့အခြေအနေမှာ မြန်မာတွေ အချင်း ချင်း ချစ်ကြဖို့ ၊ စည်းလုံးညီညွတ်ကြဖို့က အခုအချိန်မှာ ပိုအရေးကြီး နေပါတယ်။ အခုအချိန်မှာ  တည်ငြိမ်အေးချမ်းရေးနဲ့   အင်အား တည်ဆောက်ရေးက ပို၍အရေးကြီးသလား၊ ဒီမိုကရေစီက အရေးကြီး သလား။  နိုင်ငံတကာမှာ အာဏာရှင်လို့ အဝေဖန်ခံရပေမယ့် တိုင်းပြည် ကို တည်ငြိမ်အေးချမ်းအောင်၊ စီးပွားတိုးတက်အောင် ပြည်သူ ပြည်သား တွေ ကျေနပ်ပျော်ရွှင်အောင်လုပ်နိုင်တဲ့ခေါင်းဆောင်‌တွေ အများကြီး ရှိပါတယ်။ သူများအကြိုက်လိုက်မလုပ်လို့ အာဏာရှင်လို့ ဝေဖန်ခံရမှာ ကို မကြောက်တဲ့သူတွေ၊ အများပြည်သူအကျိုးမျက်ကွယ်မပြုတဲ့ သူတွေ   အုပ်ချုပ်တဲ့နိုင်ငံတိုင်းဟာ  ပိုပြီးတိုးတက်ကြတာ  တွေ့ရတယ်။ 
မြန်မာနိုင်ငံအတွက်တော့  တိုးတက်ဖို့အတွက်၊    တည်ငြိမ်ဖို့ အတွက်ဆိုရင် ခံနိုင်ရည်ရှိတဲ့ တံတိုင်းတစ်ခုနဲ့ အဲဒီတံတိုင်းရဲ့ ရေရှည် ခိုင်မာတောင့်တင်းမှုသာလျှင် အခုအချိန်မှာ အရေးကြီးဆုံးဖြစ်နေပါ တယ်။ ကျောက်‌ဆောင်ကျောက်သားလို ခိုင်မာတဲ့တံတိုင်းနဲ့ သဏ္ဌာန် တူ၊  နိုင်ငံအတွက်ပေးဆပ်နေတဲ့ တပ်မတော်တစ်ရပ်နဲ့ အသိဉာဏ် မဆင်းရဲတဲ့ ပြည်သူတွေ၊  ပါတီတွေ၊  အဖွဲ့အစည်းတွေ၊ ဒီအရင်းအမြစ် စွမ်းအားတွေ ခိုင်မာအားကောင်းပြီး အပြန်အလှန်အထောက်အကူပြု စည်းရုံးနိုင်မှသာ     ရှေ့ကိုတစိုက်မတ်မတ်    လျှောက်နိုင်မှာဖြစ် တယ်။ 
မဟုတ်ရင် အစိတ်စိတ်၊   အမြွှာမြွှာ ပြိုကွဲထွက်သွားပါလိမ့်မယ်။ ရှေ့မှာ ကမ္ဘာ့နိုင်ငံအချို့မှာ နမူနာအများကြီးရှိပြီးသားပါ။ အဓိက အချက်က ပြဿနာကိုဝေဖန်ပိုင်းခြား ခွဲခြားစိတ်ဖြာတတ်တဲ့ ပြည်သူ တွေများလာဖို့ပါပဲ။  ထိုးထွင်းသိမြင်နိုင်စွမ်းရှိမယ့်   ပြည်သူတွေရဲ့ စိတ်ဓာတ်ခွန်အားကို အဓိကအားပြုပြီး ပြိုင်တူရွှေ့မှသာလျှင် ရွေ့နိုင် မယ်လို့ ထင်မြင်ယူဆမိလို့ ဖြစ်ပါတယ်။        ။