နဝင်းချောင်းတံတားအရှည် ပေ ၁၉၀ အား မူလနှစ်လမ်းသွားတံတားမှ လေးလမ်းသွားတံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်

နေပြည်တော်   ဇွန်    ၂၂
ဆောက်လုပ်ရေး   ဝန်ကြီးဌာန   တံတားဦးစီးဌာန တံတားအထူးဖွဲ့ (၆)မှ  တာဝန်ယူ   တည်ဆောက် နေသော နေပြည်တော်တပ်ကုန်း မြို့နယ်   ရန်ကုန်  -   မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် အမှတ်(၂၄၅/၇)တွင် နဝင်းချောင်း တံတားအရှည်ပေ ၁၉၀ အား မူလ နှစ်လမ်းသွားတံတားမှ လေးလမ်း သွားတံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှု အားလုံး   ၆၀  ရာခိုင်နှုန်းကျော်       ပြီးစီး နေပြီဖြစ်ကြောင်း       အဆိုပါ တံတားအထူးဖွဲ့ (၆) မှ     သိရ သည်။ 
“ကျွန်တော်တို့အနေနဲ့ တံတား တစ်စင်းလုံးရဲ့   လုပ်ငန်းဆောင် ရွက်မှုအခြေအနေကို ပြောရရင်   ၆၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပါပြီ။  မိုးတွင်းအချိန်ကာလ ရောက်ရှိနေ တဲ့အတွက် တံတားတိုင်လုပ်ငန်း တွေနဲ့  တံတား၏   Up   Stream  နှင့်   Down    Stream  တို့ရဲ့  မြေထိန်းနံရံ    လုပ်ငန်းတွေကို သတ်မှတ်အချိန်မီ     ပြီးစီးရေး အလေးထား     ဆောင်ရွက်လျက် ရှိသလို တည်ဆောက်ရေးလုပ်ငန်း တွေကိုလည်း   သတ်မှတ်စံချိန် စံညွှန်းများအတိုင်း  အရည်အသွေး ကောင်းမွန်အောင်နဲ့  ယာဉ်သွား လာမှု      များပြားတဲ့အတွက် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်း အောင်လည်း အထူးအလေးထား ဆောင်ရွက်လျက်ရှိပါတယ်” ဟု တံတားဦးစီးဌာန တံတားအထူးဖွဲ့ (၆)မှ   တာဝန်ရှိသူ   တစ်ဦးက ပြောကြားသည်။
ယခု တိုးချဲ့တည်ဆောက်နေ သည့် နဝင်းချောင်းတံတားသည် အရှည်ပေ ၁၉၀  ရှိပြီး   လက်ရှိ နှစ်လမ်းသွား   တံတားအဆင့်မှ လေးလမ်းသွား   တံတားအဆင့် သို့  တိုးချဲ့တည်ဆောက်ခြင်းဖြစ်ပြီး   လုပ်ငန်းများကို ၂၀၂၄ ခုနှစ် ဧပြီ လမှစ၍ တည်ဆောက်ခဲ့ကြောင်း၊  ယခုနှစ်ကုန်ပိုင်းအတွင်း လုပ်ငန်း များ   အပြီးတည်ဆောက်မည် ဖြစ်ကြောင်း၊  တံတားကြီး   တည် ဆောက်ပြီးစီးပါက    ရန်ကုန် - မန္တလေး   ပြည်ထောင်စုလမ်းမ ကြီး၏ တံတားနေရာ၌   ယာဉ် ကြော ကျပ်တည်းမှုများလျှော့ချ နိုင်မည့်အပြင်   ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ    ကင်းရှင်း စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။                  မောင်မွှေး