
ရန်ကုန် ဇွန် ၂၂
၂၀၂၄ ရာသီ MNL ယူ-၂၀ လိဂ်ပြိုင်ပွဲ ပွဲစဉ် (၄) ကို ဇွန် ၂၁ နှင့် ၂၂ ရက်က ဆက်လက်ကျင်းပရာ နိုင်ပွဲဆက်နေသည့် အသင်းများ နိုင်ပွဲဆက်မှုရပ်တန့်ခဲ့ရသည်။
ပွဲစဉ် (၄) တွင် Dagon Port အသင်း က မဟာယူနိုက်တက်အသင်းကို နှစ်ဂိုး- တစ်ဂိုး၊ ဧရာဝတီယူနိုက်တက်အသင်းက ဟံသာဝတီ ယူနိုက်တက်အသင်းကို လေးဂိုး-တစ်ဂိုး၊ ရန်ကုန်ယူနိုက်တက် အသင်းက မြဝတီအသင်းကို သုံးဂိုး-တစ်ဂိုး၊ ရခိုင်ယူနိုက်တက်အသင်းက ရတနာပုံ အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး သစ္စာအားမာန်အသင်းနှင့် ရှမ်းယူနိုက် တက်အသင်း ဂိုးမရှိသရေ၊ ဒဂုံစတား ယူနိုက်တက်အသင်းနှင့် အား/ကာ သိပ္ပံ အသင်း ဂိုးမရှိသရေကျခဲ့သည်။ ပွဲစဉ် (၄) အပြီးတွင် ရှမ်းယူနိုက်တက်အသင်းက လေးပွဲကစား ၁၀ မှတ်ဖြင့် ဆက်လက် ဦးဆောင်နေပြီး ဒဂုံစတားယူနိုက်တက် အသင်းက လေးပွဲကစား ရှစ်မှတ်၊ အား/ကာ သိပ္ပံအသင်းက သုံးပွဲကစား ခုနစ် မှတ်၊ ဧရာဝတီအသင်းက လေးပွဲကစား ခုနစ်မှတ်၊ Junior Lions အသင်းက နှစ်ပွဲ ကစားခြောက်မှတ်၊ ရတနာပုံအသင်းက သုံးပွဲကစား ခြောက်မှတ်၊ ရန်ကုန်အသင်း က တိုက်စစ်က အဆုံးသတ်ပိုင်း သိသိသာသာ အားနည်းခဲ့သည်။
ပွဲကစားချိန် ၆၉ မိနစ်တွင် နယ်သာလန်အသင်းအတွက် ဇာဗီ ဆိုင်မွန် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဗွီအေအာရ် ပြန်လည်ကြည့်ရှု စစ်ဆေးပြီးနောက် ပယ်ဖျက်ခဲ့သည့်အတွက် နစ်နာခဲ့ရသည်။ ထို့နောက် တွင် သွင်းဂိုးရရှိရေးအတွက် နှစ်သင်းလုံးလူစားလဲမှုများ ပြုလုပ်လာ သော်လည်း ပွဲချိန်ပြည့်သည်အထိ ဂိုးသွင်းယူနိုင်ခြင်းမရှိသောကြောင့် ဂိုးမရှိသရေဖြင့် အဆုံးသတ်ခဲ့သည်။
အုပ်စု (ဃ) ပွဲစဉ် (၂) အပြီး ရပ်တည်မှုတွင် နယ်သာလန်အသင်းက ပြင်သစ်အသင်းနှင့် ရမှတ်လေးမှတ်တူ ဂိုးကွာခြားချက်ဖြင့် အုပ်စုပထမ နေရာတွင် ရပ်တည်နေသည်။ ဩစတြီးယားအသင်းက ရမှတ်သုံးမှတ် ဖြင့် အုပ်စု တတိယနေရာတွင် ရပ်တည်နေပြီး ပိုလန်အသင်းက ရမှတ် ရရှိထားခြင်းမရှိဘဲ အုပ်စုစတုတ္ထနေရာတွင် ရပ်တည်နေသည်။
ဇွန် ၂၂ ရက် ည ၇ နာရီခွဲတွင် ယှဉ်ပြိုင်သည့် ဂျော်ဂျီယာနှင့် ချက်ဇ် တို့ပွဲမှာ အကြိတ်အနယ်ယှဉ်ပြိုင်ပြီး တစ်ဂိုးစီသရေဖြစ်ခဲ့သည်။
အောင်ဇော်