ကန့်ဘလူမြို့နယ်၏ ပဲတီစိမ်းဈေးကွက်အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သောဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်း ရှိ ကျေးရွာများဖြစ်သော ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာ၊ ကံရိုး  ကျေးရွာနှင့် အခြားကျေးရွာများတွင် ပဲတီစိမ်းကို စိုက်ပျိုးကြကြောင်း၊ ယခုအခါ  ပဲတီစိမ်းများ ဈေးကွက်အတွင်း ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိပြီး အလုံးလှ၍ အကွဲအနာကင်းလျှင် ဈေးပိုမိုရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှ ထွက်ရှိသော ပဲတီစိမ်းသီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ယခုနှစ်တွင် ပဲတီစိမ်းများ ဈေးကောင်းရရှိလျက်ရှိသောကြောင့် ပဲတီစိမ်းစိုက်တောင်သူများအနေဖြင့်   ထိုက်သင့်သည့်အကျိုးအမြတ်များ ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။        
 DOCA(စစ်ကိုင်း)