ဆီဆိုင်မြို့နယ်အတွင်း လွယ်ထွဲကျေးရွာ၌ ပုံမှန်စျေးလာရောင်းနေသည့် ညောင်ရွှေမြို့နယ် ကျားတွန်ကျေးရွာမှ လူငယ်နှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

ဆီဆိုင်မြို့နယ်အတွင်း လွယ်ထွဲကျေးရွာ၌ ပုံမှန်စျေးလာရောင်းနေသည့် ညောင်ရွှေမြို့နယ် ကျားတွန်ကျေးရွာမှ 
လူငယ်နှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်းနှင့် လွယ်မောတောင်ဒေသရှိ ကျေးရွာများကို 
တစ်အိမ်လျှင် ငွေကျပ်သုံးသောင်း ကောက်ခံခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်  ဇွန်  ၂၆
ဆီဆိုင်မြို့နယ်အတွင်း     လွယ်ထွဲကျေးရွာ၌ ပုံမှန်စျေးလာရောင်းနေသည့်     ညောင်ရွှေ မြို့နယ် ကျားတွန်ကျေးရွာမှ  လူငယ်နှစ်ဦးကိုလုံခြုံရေးတပ်ဖွဲ့ဝင်များက   ဖမ်းဆီးသတ်ဖြတ် ခဲ့ကြောင်းနှင့်    လွယ်မောတောင်ဒေသရှိ ကျေးရွာများကို   တစ်အိမ်လျှင်    ငွေကျပ်    သုံးသောင်း    ကောက်ခံခဲ့ကြောင်း  သတင်းတု၊  သတင်းအမှားများကို  တရားမဝင်ပြည်ဖျက် မီဒီယာများက      အထင်အမြင်လွဲမှားစေရန် လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်  ဆီဆိုင် မြို့နယ်အတွင်း နယ်မြေလုံခြုံရေး လုပ်ငန်းများ ပုံမှန်ဆောင်ရွက်လျက်ရှိပြီး အပြစ်မဲ့ပြည်သူ များအား  ဖမ်းဆီးခြင်းမရှိကြောင်းနှင့် ကျေးရွာ အချို့တွင် ငွေတောင်းခံခဲ့သည်ဆိုသည့် သတင်း မှာလည်း လုပ်ကြံရေးသားသည့် သတင်းအမှား သာဖြစ်ကြောင်း     သက်ဆိုင်ရာနယ်မြေလုံခြုံ ရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
တရားမဝင်    ပြည်ဖျက်မီဒီယာများသည် ဒေသခံပြည်သူများ      စိုးရိမ်ထိတ်လန့်စေရန် နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏        လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိမှုအပေါ် အထင်အမြင် လွဲမှားစေရန်အတွက် မြေပြင်ဖြစ်စဉ်နှင့်ကွဲလွဲ နေသည့်   သတင်းတု၊  သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ    လုပ်ကြံရေးသား၍    ဝါဒ ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း   သတင်းရရှိ သည်။              
 သတင်းစဉ်