
အောင်သည့်ခရီး အောင်စည်တီး၍
v မြန်မာ့ဂီတ သုခုမကား
ရသကိုးလီ တစ်ပါးစီကို
ပီပြင်သီကုံး သံဖြင့်မှုန်း၍
ထုံးစံစည်းဝါး အလေးထားကာ
နားဝင်ပီတိ ဂွမ်းဆီထိသို့။
v နိုင်ငံလူမှု တည်ထောင်ပြုဝယ်
စုစုရုံးရုံး မျိုးချစ်နှုန်းဖြင့်
လုံ့လလည်းထူ ဉာဏ်လည်းကူ၍
မူတည်အရပ် ပြည်ဆီကပ်လျက်
သပ်ရပ်ဂီတ ဖိုးတန်ပြဖို့။
v ယုံကြည်ကိုးကွယ် အမြစ်နွယ်၌
တွယ်ခိုင်ဉာဏ်ဖွင့် သစ္စာပွင့်ရန်
ချင့်တွက်ဝေဖန် ဓမ္မစံကို
ကြံစည်ရေးထုတ် လမ်းပြမုခ်သို့။
v ဂီတနယ်ပယ် ကောင်းကျိုးသယ်၍
ထည်ဝါခန့်လေး လွတ်လပ်ရေးနှင့်
ဘေးစုံရှောင်လှမ်း သမိုင်းခန်းသည်
မြန်းကြာရက်ရှည် မြန်မာ့မြေတွင်
ခြေနေတိုးလျက် တန်ခိုးထွက်ကာ
ဆက်လက်ခရီး အောင်မြင်ပြီးပါစေသတည်း။ ။
ညိုဝင်း (ချစ်မြေ)
(၂၇.၆.၂၀၂၄ ရက်နေ့တွင် ကျရောက်သည့် “မြန်မာ့ဂီတနေ့” “၁၁” နှစ်မြောက်ကို ဂုဏ်ပြုရေးဖွဲ့အပ်ပါသည်။)