မွန်ပြည်နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

နေပြည်တော်   ဇွန်   ၂၇      
မွန်ပြည်နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား      တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင်    အရှေ့ တောင်တိုင်း        စစ်ဌာနချုပ် အောင်ဆန်းခန်းမ၌   ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်း မောင်နှင့် အဖွဲ့ဝင်များ၊   စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ တက်ရောက် ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။     ထို့နောက်  တိုင်းမှူးနှင့်   တာဝန်ရှိသူများက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များကို   လိုအပ်သည် များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးကာ  စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက်    စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်း များ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံယူသည်။
ဆက်လက်၍     နယ်မြေခံ ဆေးကုသရေးအဖွဲ့က  စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များအား လိုအပ် သည့် ကျန်းမာရေးစစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးနေမှု ကို   တိုင်းမှူးနှင့်    တာဝန်ရှိသူ များက လိုက်လံကြည့်ရှုအားပေး ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း   သတင်းရရှိ သည်။                      သတင်းစဉ်