တရုတ်နိုင်ငံမှ ဝယ်ယူတင်သွင်းရောက်ရှိလာသည့် နိုင်ငံတကာအဆင့်မီ ဆီသန့်စင်စက်ပစ္စည်းများ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှု

မန္တလေး   ဇွန်   ၂၇
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်    အဖွဲ့ဝင်များ သည်  ဇွန်  ၂၇ ရက်က ကျောက် ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် မြန်မာ နိုင်ငံဆီစက်ပိုင်ရှင်များ အသင်းဝင် အာရှသား    ဆီစက်လုပ်ငန်းသို့ ရောက်ရှိပြီး    တိုးချဲ့ဆီသန့်စင် စက်ရုံတည်ဆောက်ရန်   လုပ်ငန်း ဆောင်ရွက်နေမှုများကို   ကြည့်ရှု သည်။
ထိုသို့    ရောက်ရှိစဉ်   တိုင်း ဒေသကြီး  ဝန်ကြီးချုပ်နှင့်အဖွဲ့ အား  အာရှသားဆီစက်လုပ်ငန်း လုပ်ကိုင်နေသူ   ဦးသန်းလွင်က တိုးချဲ့မည့်    ဆီသန့်စင်စက်ရုံ အတွက် တရုတ်နိုင်ငံမှ  ဝယ်ယူ တင်သွင်းသော 5 TPD Cooking Oil Semi-Continuous Refining Line Machine(ဆီသန့်စင်စက်) စက်ပစ္စည်းများ   ရောက်ရှိနေမှု၊ စက်ရုံကို   အမြန်ဆုံးလည်ပတ် သွားနိုင်ရန်    ဆောင်ရွက်နေမှု၊ ပြည်တွင်းမှထွက်ရှိသည့်  ပဲပုပ် ဆီ၊ နေကြာဆီ၊ ဝါစေ့ဆီများကို အရောင်ချွတ်ခြင်း၊ အနံ့ချွတ်ခြင်း များအား အပူချိန် ၂၆၀ ဒီဂရီစင်တီ ဂရိတ်တွင်ပေးခြင်း၊ Feed Filter များဖြင့်     အဆိပ်အတောက်၊ အရောင်၊  အနံ့များ    မရှိအောင် သန့်စင်၍ တစ်ရက်လျှင် ၄ တန်မှ ၅ တန်အတွင်း      နိုင်ငံတကာ အဆင့်မီ  ထုတ်လုပ်သွားနိုင်မည့် အခြေအနေများကို ရှင်းလင်းပြသ ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က    နိုင်ငံတော်၏ ပြည်တွင်းစားသုံး ဆီဖူလုံရေးနှင့်    ပြည်ပသွင်းကုန်     အစားထိုးလျှော့ချနိုင်ရေးချမှတ် ထားသည့်မူဝါဒများကို  အောင်မြင် စွာ အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုသည့် လုပ်ငန်း ဖြစ်ကြောင်း၊  စက်ရုံကို   အမြန် ဆုံးလည်ပတ်နိုင်ရန် လိုအပ်သည် များကို ကူညီဖြည့်ဆည်းဆောင် ရွက်ပေးမည်ဖြစ်ကြောင်း၊ စက် များ   စတင်တပ်ဆင်ချိန်မှ  ပြီးဆုံး သည်အထိ    စက်တပ်ဆင်မည့်    တရုတ်ပညာရှင်နှင့်အတူ  မန္တလေး စိန်ပန်းစက်မှုအဖွဲ့၊ Good Brother ကုမ္ပဏီတို့မှ ပညာရှင်များအတူ    လာရောက်တပ်ဆင် လေ့လာစေ ပြီး အလားတူ  ဆီသန့်စက်များ ပြည်တွင်း၌   ထုတ်လုပ်နိုင်ရေး ကြိုးစားစီမံဆောင်ရွက်သွားစေလိုကြောင်း   ပြောကြားသည်။ 
ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အာရှ သားဆီစက်လုပ်ငန်းအတွင်း ဆီ စက်လည်ပတ်နေမှုများ၊ ကုန်ကြမ်း စုဆောင်းခြင်း၊    သန့်စင်ခြင်း၊ အခြောက်လှန်းခြင်း၊   စက်ဖြင့် သန့်စင်ဆီကြိတ်ခြင်း၊   ထုပ်ပိုး၍ ဈေးကွက်သို့ ဖြန့်ဖြူးခြင်းလုပ်ငန်း နည်းစဉ်        အဆင့်ဆင့်ကို လိုက်လံ   ကြည့်ရှုခဲ့ကြောင်း သိရ သည်။                     သတင်းစဉ်