
နေပြည်တော် ဇွန် ၂၇
၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီး များနေ့အထိမ်းအမှတ် အကြို လှုပ်ရှားမှုအဖြစ် “ကိုယ်လက် လှုပ်ရှား အားကစားအစီအစဉ်” ကို ယနေ့နံနက် ၉ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာ နိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီး များနှင့် ကလေးသူငယ်များ ဘဝ မြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် တို့မှ ကိုယ်စားလှယ်များနှင့် ဌာန ဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်း များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာအမျိုးသမီးများသည် နိုင်ငံ ၏ အရေးပါသောကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နေရသည့်အပြင် မိသားစု၏ တာဝန်များကိုလည်း တာဝန်ယူ ဆောင်ရွက်နေကြသူ များဖြစ်ပြီး နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ရှိသဖြင့် နိုင်ငံ၏ ကြီးမားသော အင်အားစုဖြစ် ကြောင်း၊ ထို့ကြောင့် အမျိုးသမီး များ၏ ကျန်းမာကြံ့ခိုင်ရေး သည် အလွန်အရေးကြီးကြောင်း၊ အမျိုးသမီးများ ကျန်းမာကြံ့ခိုင်စေ ရန်အတွက် နေ့စဉ်ကျန်းမာရေး အလေ့အကျင့် ကောင်းများကို ဆောင်ရွက်ကြရန် ပြောကြား သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံအမျိုးသမီး အားကစား အဖွဲ့ချုပ်မှ အားကစားနည်းပြများ က ဦးဆောင်၍ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း များပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်