ဈေးအရောင်းအဝယ်စင်တာများတွင် ဆန်အိတ်အသေးများအား ဈေးနှုန်းသက်သာစွာဖြင့် ပြန်လည်ရောင်းချလျက်ရှိ

ရန်ကုန်    ဇွန်    ၂၇
ဈေးအရောင်းအဝယ်    စင်တာ များတွင်    လွန်ခဲ့သော     ရက် အနည်းငယ်က ခေတ္တအရောင်း ဆိုင်းငံ့ထားခဲ့သည့်        ရွှေဘို ပေါ်ဆန်း၊   ဧရာဝတီ    ပေါ်ဆန်း စသည့်        ဆန်အိတ်အသေး (Consumer   Pack)   များကို ယနေ့တွင်    ပြန်လည်ရောင်းချ နေပြီဖြစ်ကြောင်း၊  နိုင်ငံတော် အစိုးရ၏ ပြည်တွင်းစားသုံးဆန် ဈေးနှုန်းများ    တည်ငြိမ်ကျဆင်း ရေးနှင့်      သင့်တင့်မျှတသော  ဈေးနှုန်းများဖြင့် ရောင်းချရေး အစီအမံများနှင့်အညီ  ဈေးနှုန်း များကို     ပြန်လည်သတ်မှတ်         ရောင်းချနေပြီ      ဖြစ်ကြောင်း   မြန်မာနိုင်ငံ   ဆန်စပါးအသင်း ချုပ်ထံမှ သိရသည်။
စီးပွားရေးနှင့်       ကူးသန်း ရောင်းဝယ်ရေး      ဝန်ကြီးဌာန၊ စားသုံးသူရေးရာ    ဦးစီးဌာနက သင့်တင့်မျှတသော ရည်ညွှန်း ဈေးများဖြစ်သည့် ရွှေဘိုပေါ်ဆန်း တစ်ကီလိုလျှင် ​ငွေကျပ်  ၃၅၀၀ မှ   ၃၈၀၀    အတွင်း၊  ဧရာဝတီ ပေါ်ဆန်းတစ်ကီလိုလျှင် ငွေကျပ် ၃၀၀၀ မှ ၃၃၀၀ အတွင်း၊ ရက် ၉၀/     အထူးဧည့်မထများဖြစ် ပါက   တစ်ကီလိုလျှင်    ငွေကျပ် ၂၂၀၀ မှ ၂၅၀၀ အတွင်း ရည်ညွှန်း ဈေး များကို   ဇွန်   ၂၆     ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါး       အသင်းချုပ်ထံမှ သိရသည်။              သတင်းစဉ်