အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (ခ) အဆုံးအဖြတ်ပွဲများ ယနေ့ ကျင်းပမည်

ရန်ကုန်    ဇွန်   ၂၇
၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံ ရှစ်ပြိုင်ပွဲ အုပ်စု (ခ) နောက်ဆုံးနေ့ ကို ဇွန် ၂၈ ရက် (ယနေ့)တွင် အင်ဒို နီးရှားနိုင်ငံ၌ ဆက်လက်ကျင်းပ မည်ဖြစ်ပြီး မြန်မာအသင်းသည် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
အုပ်စု (ခ) နောက်ဆုံးနေ့ကို မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲ တွင် တစ်ချိန်တည်းကျင်းပမည် ဖြစ်ပြီး   မြန်မာနှင့်   ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် ဘရူနိုင်းအသင်း   ယှဉ်ပြိုင်ကစားမည်     ဖြစ်သည်။        ဒုတိယနေ့အပြီးတွင် ဗီယက်နမ် အသင်းနှင့်  ကမ္ဘောဒီးယားအသင်း တို့က လေးမှတ်စီ၊ မြန်မာအသင်း က   သုံးမှတ်ရထားပြီး   ဘရူနိုင်း အသင်းမှာမူ အမှတ်မရသေးပေ။
နောက်တစ်ဆင့်တက်ရန်       မျှော်လင့်ချက် ရှိသည့် သုံးသင်းအနက် ကမ္ဘောဒီးယားအသင်း က    ဘရူနိုင်းအသင်းနှင့်    ကစားရမည်ဖြစ် သောကြောင့်   အခွင့်အရေး    အကောင်းဆုံး ဖြစ်နေပြီး ဂိုးများများ သွင်းယူနိုင်ရန်ပါ လိုအပ် နေသည်။  မြန်မာနှင့် ဗီယက်နမ်ပွဲ အနိုင်ရ သည့်    အသင်းမှာ     ကမ္ဘောဒီးယားအသင်း ခြေချော်မှသာအုပ်စု     ပထမနေရာအတွက် မျှော်လင့်နိုင်မည်ဖြစ်သည်။      ပြိုင်ပွဲကျင်းပ သည့်ပုံစံအရ အုပ်စုသုံးခုမှ  ထိပ်ဆုံး  သုံးခုနှင့်  ဒုတိယနရာရအသင်းများအနက်  အကောင်း ဆုံးတစ်သင်း  စုစုပေါင်း  လေးသင်း   ဆီမီး ဖိုင်နယ်  တက်ရောက်ခွင့်ရမည်ဖြစ်ရာ မြန်မာ အသင်းအနေဖြင့်  အုပ်စု  ဒုတိယနေရာရယူ နိုင်လျှင်ပင် ဆီမီးဖိုင်နယ်  တက်ရောက်ခွင့်ရရန်       မသေချာသေးဘဲ အခြားအုပ်စုနှစ်ခုမှ ဒုတိယ နေရာရအသင်းများ၏  ရလဒ်ကို  စောင့်ကြည့် ရမည်ဖြစ်သည်။
မြန်မာအသင်းသည် ပထမပွဲတွင် ကမ္ဘော ဒီးယားကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ပြီး ဒုတိယ ပွဲတွင်   ဘရူနိုင်းအသင်းကို   ရှစ်ဂိုး-တစ်ဂိုး ဖြင့် အနိုင်ရထားသည်။ ဗီယက်နမ်အသင်း မှာမူ   ဘရူနိုင်းကို  ၁၅  ဂိုးပြတ်  အနိုင်ရပြီး ကမ္ဘောဒီးယားနှင့်       တစ်ဂိုးစီ      သရေကျ ထားသည်။
ရဲရင့်လွင်