
မုံရွာ ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဒေသဆိုင်ရာလုပ်ငန်းကော်မတီ ညှိနှိုင်း အစည်းအဝေးကို ဇွန် ၂၇ ရက် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီး နယ်စပ်ဒေသနှင့်တိုင်းရင်း သား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး ဒေသဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက လုပ်ငန်းကော်မတီအစည်း အဝေးဆုံးဖြတ်ချက်(၂/၂၀၂၃) ကို ရှင်းလင်း ပြောကြားပြီး တွဲဖက်အတွင်းရေးမှူး တိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက လုပ်ငန်းဆပ်ကော်မတီ များဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဒေသဆိုင်ရာလုပ်ငန်းကော်မတီအသီးသီးမှ အတွင်းရေးမှူးများက မိမိတို့ ကော်မတီများအလိုက် လုပ်ငန်းများ ဆောင်ရွက် နေမှုများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။ တိုင်းဒေသကြီး(ပြန်/ဆက်)