
နေပြည်တော် ဇွန် ၂၈
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်း အဝေးခန်းမ၌ကျင်းပရာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ကျင်းပရေးဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်း စစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကား ပြောကြားရာတွင် အားကစားဆိုသည့် ဝေါဟာရကို နိုင်ငံတကာအဘိဓာန်များက “ယှဉ်ပြိုင်မှုရှိသော ရုပ်ပိုင်းဆိုင်ရာ ပြုမူဆောင်ရွက်မှုပုံစံအားလုံးကို အားကစား” ဟု အဓိပ္ပာယ်ဖွင့်ဆိုကြကြောင်း၊ အားကစား၏ရည်မှန်းချက်သည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုကို ရှေးရှုသည် ဆိုသော်လည်း ယခုအခါအားကစားသည် တစ်ဦးချင်းယှဉ်ပြိုင်ရသည့် ပြိုင်ပွဲမှသည် လူပေါင်းရာထောင်ချီပါဝင်သည့် ပြိုင်ပွဲ များ၊ ကျေးလက်အဆင့် အားကစားပြိုင်ပွဲများမှသည် ကမ္ဘာနှင့်ချီသည့် အိုလံပစ်ပြိုင်ပွဲများအထိ ကျင်းပ လျက်ရှိနေပြီဖြစ်ကြောင်း၊ အားကစားအောင်မြင်မှု သည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို နိုင်ငံတကာ အလယ်တွင် ထည်ဝါခံ့ညားစေခြင်းဖြစ်သည့် အတွက် “အားကစားပြိုင်ပွဲများကို လက်နက်မပါ သောတိုက်ပွဲများ” ဟု တင်စားလာနေကြပြီဖြစ် ကြောင်း။
အားကစားအဆင့်အတန်းမြင့်မားရေး
ဖြည့်ဆည်းဆောင်ရွက်ပေး
ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အားကစားအဆင့်အတန်း မြင့်မားဖွံ့ဖြိုး တိုးတက်ရေးကို အဘက်ဘက်က အားပေးပံ့ပိုး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်ကလည်း “အားကစားဆောင်ရွက်ခြင်း သည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုး သားရေးစရိုက်လက္ခဏာတို့ကို ရှင်သန်ထက်မြက် စေပြီး တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်ရေးကို လည်း ဖြစ်ပေါ်စေနိုင်သည့်အတွက် အားကစားနှင့် ပတ်သက်ပါက အားပေးဆောင်ရွက်ရမည်” ဟု လမ်းညွှန်ထားရှိကြောင်း၊ ယခုပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကြီး ကျင်းပပေးခြင်းသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ရည်ရွယ်ချက်(၅)ရပ် သတ်မှတ်ပြီး ကျင်းပခြင်းဖြစ် သည့်အတွက် ယနေ့အစည်းအဝေးကို တက်ရောက် လာကြသည့် တာဝန်ရှိသူများအနေဖြင့် ပြိုင်ပွဲကြီး အောင်အောင်မြင်မြင်နှင့် ခမ်းနားထည်ဝါစွာ ကျင်းပ နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုး သားရေးစိတ်ဓာတ်တို့ကို ဖော်ညွှန်းသည့် (၇၅) နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့၊ မျိုးချစ်စိတ်ဓာတ် နှင့် နိုင်ငံ့အရေးတို့ကိုဖော်ကျူးသည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကဲ့သို့ နိုင်ငံတော်အဆင့် အခမ်းအနားကြီးများကို အောင်အောင်မြင်မြင် ခမ်းခမ်းနားနားကျင်းပနိုင်ခဲ့သလို ဘာသာသာသနာ တော်နှင့်စပ်လျဉ်း၍လည်း မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ထားကိုးကွယ်မှုကိုလည်း ကမ္ဘာသိကျက်သရေမင်္ဂလာနှင့် တင့်တယ်သော ဂုဏ်ထူးဝိသေသများနှင့်အတူ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အလားတူ တစ်မျိုးသား လုံး ကျန်းမာကြံ့ခိုင်သန်စွမ်းသော မျိုးဆက်သစ်ပညာ တတ်လူငယ်လူရွယ်များ အနာဂတ်နိုင်ငံတော်တွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်ရေး ရည်ရွယ် လျက် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် အမျိုးသား အားကစားပွဲတော်ကြီးကိုလည်း ယခင်ကျင်းပခဲ့သည့် နိုင်ငံတော်အဆင့်အခမ်းအနားများနည်းတူ ခမ်းနား ထည်ဝါစွာ ကျင်းပရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားသည့်အတွက် ယခုအစည်းအဝေးကို တက်ရောက်လာကြသည့် ဦးစီးကော်မတီ၊ လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ အနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ပထမအကြိမ်အစည်း အဝေးတွင် ကော်မတီများမှ တာဝန်ရှိသူများက လိုအပ်သည့်အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လုပ်ငန်းလမ်းညွှန်ချက်များ ချမှတ်ပေးခဲ့ပြီးဖြစ် ကြောင်း၊ ထို့ပြင် ပြိုင်ပွဲတစ်ခုလုံးနှင့်ပတ်သက်သည့် ကုန်ကျစရိတ်၊ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား၊ ပြိုင်ပွဲပုံစံ၊ ပြိုင်ပွဲအားကစားနည်းများနှင့် အထိမ်းအမှတ်အရုပ် သတ်မှတ်ရေး စသည့်ကိစ္စရပ်များကို ယခုအစည်း အဝေးတွင် ဆွေးနွေးသွားကြရန်လိုကြောင်း၊ အလားတူ အမျိုးသားအားကစားပွဲတော်တွင် မသန်စွမ်း အားကစားပြိုင်ပွဲများနှင့် ပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိသူများကို ဆုချီးမြှင့်ရာတွင် ဆုတံဆိပ် အပြင် နိုင်ငံတကာအားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်း အနားတွင် ပေးအပ်လေ့ရှိသည့် လာဘ်ကောင် (MASCOT) ကို ပူးတွဲပေးအပ်နိုင်ရေးတို့ကိုလည်း မူအနေဖြင့် ရရှိပြီးဖြစ်၍ ဆွေးနွေးပေးကြရန် လိုကြောင်း။
အောင်မြင်မှုများရရှိအောင်
ကြိုးစားဆောင်ရွက်
ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော် သည် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစား သမားများပေါ်ထွက်လာရေး ရည်ရွယ်ပြီး ကျင်းပခြင်း ဖြစ်သည့်အတွက် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစား သမားများအနေဖြင့် ချမှတ်ထားသည့် စည်းကမ်း သတ်မှတ်ချက်၊ အသက်ကန့်သတ်ချက်နှင့် အားကစား နည်းစနစ်များကို အသေးစိတ်လေ့လာ ပြင်ဆင် ဆောင်ရွက်ကြရန်၊ ပြိုင်ပွဲများ ယှဉ်ပြိုင်သည့်အခါ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ပြီး အောင်မြင်မှုများရရှိအောင် ကြိုးစားဆောင်ရွက်သွား ရန်နှင့် ဝန်ကြီးဌာနများနှင့် ပြည်နယ်၊ တိုင်းဒေသကြီး ကိုယ်စားပြုအသင်းများမှ တာဝန်ရှိသူများကလည်း အားကစားနည်းများအလိုက် စနစ်တကျလေ့ကျင့် ပေးရန်လိုကြောင်း၊ အလားတူပြိုင်ပွဲများကို ကြီးကြပ် ဆောင်ရွက်ကြမည့် ဒိုင်၊ ဂျူရီများအနေဖြင့် ဘက်လိုက်မှု ကင်းကင်းနှင့် တရားမျှတစွာ ဆုံးဖြတ်ဆောင်ရွက် ကြရန်၊ အားကစားပြိုင်ပွဲများ ပြိုင်ဆိုင်မှုပြင်းထန်သည့် အတွက် အငြင်းပွားဖွယ်ရာကိစ္စရပ်များပေါ်ပေါက်လာ ပါက ခုံသမာဓိအဖွဲ့များက စနစ်တကျကြီးကြပ်ဆုံးဖြတ် နိုင်ရေး စီမံဆောင်ရွက်ထားကြရန် လိုကြောင်း။
အမျိုးသားအားကစားပွဲတော်ကြီး အနှစ်သာရ ရှိရှိ၊ ရည်မှန်းချက်များအတိုင်း အောင်မြင်စွာကျင်းပ နိုင်ရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ သက်ဆိုင်ရာ ဆပ်ကော်မတီများနှင့် ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအနေဖြင့် အလေးထားလိုက်နာ ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား လိုကြောင်း။
ထို့ပြင် အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပ နေဆဲကာလအတွင်း လုံခြုံရေးကျိုးပေါက်မှုမရှိစေ ရေးသည် အရေးကြီးဆုံးဖြစ်သည့်အတွက် အားလုံး က လုံခြုံရေးအသိ၊ လုံခြုံရေးသတိနှင့် အလေးထား လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ပြိုင်ပွဲ ကာလအတွင်း ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစား သမားများ တည်းခိုကြမည့်နေရာများတွင် စနစ်တကျ ရှိစေရေး၊ စိတ်အေးချမ်းသာစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ နေထိုင်စားသောက်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေး စသည့်ကိစ္စရပ်များတွင် ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများအနေဖြင့် အသေးစိတ်စီမံဆောင်ရွက်သွားကြရန် လိုကြောင်း။
ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော် ကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ၊ မြန်မာ့ လက်ရွေးစင်အားကစားသမားဟောင်းကြီးများ၊ NGO အဖွဲ့အစည်းများ၊ မီဒီယာလောကသားများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက တစ်ဦးချင်းတစ်ယောက် ချင်း ကျရာအခန်းကဏ္ဍအလိုက် အမျိုးသားရေးအသိ စိတ်ဓာတ်နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ တာဝန်ယူဆောင်ရွက်ကြမည့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် စီမံချက်ပါလုပ်ငန်း တာဝန်များ အောင်မြင်ပြီးမြောက်စေရေး ကြိုးပမ်း ဆောင်ရွက်သွားရန်နှင့် မမျှော်မှန်းနိုင်သည့်ကိစ္စရပ် များပေါ်ပေါက်လာပါကလည်း အရန်အနေဖြင့် ဖြေရှင်း နိုင်ရန် စီမံချက်တွင် ထည့်သွင်း၍ ဆောင်ရွက်သွား ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယခင်အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့်အခြေအနေ၊ ပြိုင်ပွဲအမျိုးအစား သတ်မှတ်ခြင်း နှင့် ပြိုင်ပွဲအစီအစဉ်များ၊ ဆုချီးမြှင့်မည့်အစီအစဉ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကျင်းပရေးကော်မတီဝင်များဖြစ်ကြ သည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်း စစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယ ဝန်ကြီးတို့က ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ ပိတ်ပွဲအခမ်းအနားများကို ခေတ်ကာလနှင့် လျော်ညီစွာ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားမည့်အစီအစဉ် လျာထားချက်များနှင့် အမျိုးသားအားကစားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းဆွေးနွေး
ဆက်လက်၍ ပို့ဆောင်ဆက်သွယ်ရေး ဆပ်ကော် မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးနှင့် ဆု ချီးမြှင့်ရေးဆပ်ကော်မတီ၊ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းတင်ရေး ဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထား ရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေးဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ တည်းခို နေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ နှင့် ခုံသမာဓိဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများဖြစ်ကြ သည့် ဒုတိယဝန်ကြီးများ၊ ဒုတိယစာရင်းစစ်ချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် အခမ်းအနားအောင်မြင်စွာကျင်းပ နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက် သွားကြမည့်အစီအမံများကို ရှင်းလင်းဆွေးနွေးတင်ပြ ကြသည်။
ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်က ရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေး ကို ရုပ်သိမ်းလိုက်သည်။ သတင်းစဉ်