အသက်(၁၈)နှစ်နှင့်အထက် အတည်ပြုလူဦးရေစာရင်းကိုလည်း ပြည်လုံးကျွတ်သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေ စာရင်းနှင့် ပြိုင်တူတင်ပြ၍ နှိုင်းယှဉ်သုံးသပ်ပြီး တိကျမှန်ကန်သည့်မဲစာရင်းကို ထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည်

နေပြည်တော်   ဇွန်   ၂၈
မြေပြင်ကွင်းဆင်း        စာရင်း ကောက်ယူရေးကြီးကြပ်မှု    ဗဟို ကော်မတီလုပ်ငန်းညှိနှိုင်းအစည်း အဝေး (၁/၂၀၂၄) ကို ယနေ့နံနက် ၉   နာရီခွဲတွင်    နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန   အစည်း အဝေးခန်းမ၌  ကျင်းပသည်။
အစည်းအဝေးသို့     မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊  ကြီးကြပ်မှု ဗဟိုကော်မတီဝင်များ   ဖြစ်ကြ သည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ပညာရေးဝန်ကြီး ဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား    ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်    ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနတို့မှ    ဒုတိယဝန်ကြီးများ၊   အမြဲတမ်းအတွင်းဝန်နှင့်ညွှန်ကြား ရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုး သမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်   ကလေးစောင့်ရှောက်ရေး အသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းတို့မှ      ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူ များ တက်ရောက်ကြပြီး ကြီးကြပ် မှုဗဟိုကော်မတီဝင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ နှင့် ကော်မတီဝင်ကိုယ်စားလှယ် များက     သက်ဆိုင်ရာနယ်မြေ များမှ       ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။ 
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က လာမည့် အောက်တို ဘာ ၁  ရက်မှ ၁၅ ရက်အထိ တစ်နိုင်ငံလုံး    အတိုင်းအတာဖြင့် ၂၀၂၄   ခုနှစ်၊   လူဦးရေနှင့်    အိမ် အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဆောင် ရွက်သွားမည်ဖြစ်ရာ     မြေပြင် ကွင်းဆင်း  စာရင်းကောက်ယူရန် ကျန်ရှိသည့်စာရင်းများကိုလည်း ပူးတွဲဆောင်ရွက်သွားမည်   ဖြစ် ကြောင်း၊    လိုအပ်ပါက   စာရင်း ကောက်ရမည့်ရက်      တိုးမြှင့် ကောက်ယူနိုင်ရေးနှင့်  လုံခြုံရေး အပြည့်အဝရယူ၍    ကောက်ယူ ဆောင်ရွက်   နိုင်ရေးတို့အတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း၊  မိမိတို့  ဗဟို ကော်မတီအနေဖြင့်     မြေပြင် ကွင်းဆင်း    ကောက်ယူခဲ့သည့် စာရင်း    အချက်အလက်များမှ သတ်မှတ်ကာလအပိုင်းအခြားတွင် အသက် (၁၈)   နှစ်နှင့်အထက်   အတည်ပြု   လူဦးရေစာရင်းကို လည်း ပြည်လုံးကျွတ်သန်းခေါင် စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်း နှင့်   ပြိုင်တူတင်ပြ၍    နှိုင်းယှဉ် သုံးသပ်ပြီး   တိကျမှန်ကန်သည့်       မဲစာရင်းကို      ထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့ဌာနအနေဖြင့်လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ   နိုင်ငံသား တိုင်း     နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် လည်း ဥပဒေနှင့်အညီ  ပန်းခင်းစီမံ ချက်များဖြင့် ဆောင်ရွက်ထုတ်ပေး လျက်ရှိရာ      ယင်းလုပ်ငန်းစဉ် အောင်မြင်ရေး   အတွက်လည်း     ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြ စေလိုကြောင်း၊ ယခုအစည်းအဝေး တွင်  ယခင်ကျင်းပခဲ့သည့် အစည်း အဝေး၏     ဆုံးဖြတ်ချက်များ     အကောင် အထည်ဖော်ဆောင်ရွက် ပြီးစီးမှု၊      လက်ရှိအခြေအနေ တွင် မဲစာရင်းမှန်ကန်ရေးအတွက် အတည်ပြု   လူဦးရေစာရင်းများ     သတ်မှတ်ကာလအတွင်း   စိစစ် ပြုစုပေးပို့နိုင်ရေး  အခြေအနေများ နှင့်   စပ်လျဉ်း၍    ပွင့်ပွင့်လင်းလင်း    ရှင်းလင်းဆွေးနွေး   တင်ပြကြရန် တိုက်တွန်းပြောကြားသည်။ 
ထို့နောက်    ကြီးကြပ်မှုဗဟို ကော်မတီဝင်များ   ဖြစ်ကြသည့် နေပြည်တော်ကောင်စီ   ဥက္ကဋ္ဌ၊  တိုင်းဒေသကြီးနှင့်    ပြည်နယ် ဝန်ကြီးချုပ်များ၊   ကော်မတီဝင် ကိုယ်စားလှယ်များက   ယခင် အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ်   ဆောင်ရွက်ပြီးစီးမှုနှင့် အတည်ပြု   လူဦးရေစာရင်းများ အချိန်မီပေးပို့နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ် များ၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက် များကိုလည်းကောင်း၊ တက်ရောက် လာကြသည့်    ကြီးကြပ်မှုဗဟို ကော်မတီဝင် ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူများက လုပ်ငန်း များ    အချိန်မီပြီးစီးရေးအတွက် ဌာနအလိုက်    ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမည့်  အစီအစဉ် များကိုလည်းကောင်း   ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာ စကားပြောကြားကာ   အစည်း အဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။      သတင်းစဉ်