
နေပြည်တော် ဇွန် ၂၈
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) အခြေခံပညာ ဆရာ/ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၇၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့တွင် အဆိုပါတက္ကသိုလ် ရတနာခန်းမ ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌဦးအောင်သော်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက် မြန်မာပြည်)ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/စီမံဌာနများနှင့် ပညာရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူ များ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက နိုင်ငံ တစ်နိုင်ငံ၏ ပညာတတ် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်ရသော အခြေခံပညာ ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍ သည် အဓိကကျပါကြောင်း။
သင်တန်းမှ ရရှိခဲ့သည့် အတွေ့အကြုံ ဗဟုသုတများကို လက်တွေ့လုပ်ငန်းခွင် အတွေ့ အကြုံများနှင့်ပေါင်းစပ်ပြီး ဆရာ၊ ဆရာမများ၏ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် အတတ်ပညာ များပြည့်ဝစေရန် ကြိုးစားကြပြီး တပည့်များကို နည်းမှန်လမ်းမှန် ဖြင့် လေ့ကျင့်ပျိုးထောင်ပေးကြရန်၊ အမျိုးသားပညာရည် မြင့်မားရေး ကဏ္ဍကို ဝိုင်းဝန်းပူးပေါင်းမြှင့်တင် ဆောင်ရွက်ကြရန်နှင့် ပညာတတ် အောင် သင်ကြားပေးရုံသာမက ကိုယ်ကျင့်တရား ကောင်းမွန်ပြီး မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိအောင်၊ လောကနီတိ၊ ပြည်သူ့နီတိ၊ ဒီမို ကရေစီကျင့်စဉ်များကို စည်းကမ်း တကျလိုက်နာတတ်ပြီး ယဉ်ကျေး လိမ္မာသည့် ပညာတတ် နိုင်ငံ့ သားကောင်းများ ဖြစ်လာအောင်၊ အကြောင်းအကျိုးကို ဝေဖန် ပိုင်းခြား ဆန်းစစ်နိုင်စွမ်းရှိအောင် “မိဘဆရာ ပူးပေါင်း ကလေးပညာ ကောင်း” ဆိုသည့်အတိုင်း တပည့် များ၏ ပညာရည်တိုးတက်မြင့်မား စေရေး ဆရာ၊ ကျောင်းသား၊ မိဘ များ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြား သည်။
အဆိုပါသင်တန်းသို့ သင်တန်း သား ၇၉ ဦး၊ သင်တန်းသူ ၃၃၀ တက်ရောက်ကြပြီး သင်တန်း ကာလမှာ ရက်သတ္တ ငါးပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌသည် တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိ သော ဝန်ထမ်းအဖွဲ့အစည်း အကြီး အမှူးသင်တန်း အမှတ်စဉ်(၁၅) သင်တန်းသား သင်တန်းသူများ၏ နိုင်ငံတော်နယ်နိမိတ်များ ခေတ် အဆက်ဆက် ပြောင်းလဲလာမှု သမိုင်းခေါင်းစဉ်ဖြင့် စာတမ်း ဖတ်ကြားခြင်း၊ အုပ်စုလိုက် ဆွေးနွေးခြင်းတို့ကို အားပေး ကြည့်ရှုပြီး ဆွေးနွေးမှုများအပေါ် သုံးသပ်အကြံပြုဆွေးနွေးခဲ့သည်။
သတင်းစဉ်