လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေးရေဒီယိုဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပ

ရန်ကုန်    ဇွန်   ၂၈
၂၀၂၄ ခုနှစ်၊  လူဦးရေနှင့်    အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာအသိပညာ ပေး     ရေဒီယိုဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကို  ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့  ပြည်လမ်းရှိ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား Studio (C)၌  ကျင်းပရာ    ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်း အထက(၅)၊ ရန်ကုန် မြို့(သန်လျင်) အထက(၁)၊  ရန်ကုန် မြို့ (မရမ်းကုန်း)  အထက(၂)၊ ရန်ကုန်မြို့(ဒဂုံ)   အထက(၁)၊ ရန်ကုန်မြို့(သာကေတ) အထက (၂) တို့မှ ကျောင်းသား ကျောင်းသူ ငါးဦး ပါဝင်ယှဉ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲတွင်   အခြေခံ ပညာကျောင်းများမှ  အလယ်တန်း နှင့် အထက်တန်းအဆင့် အသက် (၁၄) နှစ်မှ   (၁၇) နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူ ငါးဦး က Round တစ်ခုလျှင် လူဦးရေနှင့် အိမ်အကြောင်းအရာ   သန်းခေါင် စာရင်း    ကောက်ယူခြင်းဆိုင်ရာ ပညာရပ်မေးခွန်း နှစ်ခုနှင့် ရေဒီယို မှထုတ်လွှင့်သည့် အစီအစဉ်ပိုင်း ဆိုင်ရာ မေးခွန်းနှစ်ခု  စုစုပေါင်း  မေးခွန်း   လေးခုစီဖြင့်   Round လေးခုတွင် ယှဉ်ပြိုင်ဖြေဆိုကြခြင်း ဖြစ်သည်။
ထိုသို့ယှဉ်ပြိုင်ကြရာ ရေဒီယို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ပထမဆု ကို  ရန်ကုန်မြို့    ဒဂုံဆိပ်ကမ်း အထက(၅)    Grade-12   မှ မောင်တေဇက   လည်းကောင်း၊ ဒုတိယဆုကို ရန်ကုန်မြို့ (သန်လျင်)  အထက (၁) Grade -10 မှ မမြတ် ရွှန်းလဲ့ခိုင်က    လည်းကောင်း၊  တတိယဆုကို ရန်ကုန်မြို့(မရမ်း ကုန်း)  အထက(၂) Grade -11 မှ မောင်ကျော်မင်းခန့်က   လည်း ကောင်း၊ အထူးဆု    နှစ်ဆုကို ရန်ကုန်မြို့(ဒဂုံ)   အထက(၁) Grade -11 မှ   မောင်ခန့်ဇင်ငြိမ်း နှင့်   ရန်ကုန်မြို့   (သာကေတ) အထက(၂) Grade -11 မှ မနှင်း လဲ့ဝေဝေလွင်တို့က လည်းကောင်း ရရှိကြသဖြင့်    ဆုရရှိကြသူများ အား မြန်မာ့အသံနှင့်    ရုပ်မြင် သံကြား ညွှန်ကြားရေးမှူး(ဂီတ) ဦးကြည်ထွန်းနှင့် ညွှန်ကြားရေးမှူး (MI)   ဒေါ်လိန်းမောင်းပန်တို့က ဆုများ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ   လူဦးရေနှင့်  အိမ် အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အသိပညာ ပေး     ရေဒီယိုဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပပုံကို (၂၉-၆-၂၀၂၄)ရက်နှင့် (၃၀-၆-၂၀၂၄) ရက်နေ့ည မြန်မာ့အသံရေဒီယိုမှ ပြည်တွင်း သတင်းများ   ကြေညာအပြီးတွင် ထုတ်လွှင့်မည်ဖြစ်သည်။   
အဆိုပါ    ရေဒီယိုဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ လူဦး ရေနှင့်    အိမ်အကြောင်းအရာ သန်းခေါင်စာရင်း   ကောက်ယူမှု လုပ်ငန်းအား    အများပြည်သူ စိတ်ဝင်စားမှု ပိုမိုရရှိပြီး ပူးပေါင်း ပါဝင် ဆောင်ရွက်လာနိုင်စေရေး၊ အသိပညာမျှဝေလှုံ့ဆော်ခြင်းဖြင့် လူထုလှုပ်ရှားမှု ရယူအားဖြည့်ပေး နိုင်ရေး    ရည်ရွယ်ချက်များဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန  ပြည်သူ့ အင်အားဦးစီးဌာနက ပြန်ကြား ရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့်   ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီး ဌာနတို့နှင့် ပူးပေါင်း၍ ပြိုင်ပွဲ (၅)ကြိမ် ကျင်းပလျက်ရှိရာ တစ်ကြိမ် စီမှ ပထမနှင့် ဒုတိယဆုရရှိသူ နှစ်ဦးစီဖြင့် စုစုပေါင်း ၁၀ ဦးအား ၂၀၂၄ ခုနှစ် ဩဂုတ်လ ဒုတိယပတ် အတွင်းကျင်းပမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ  သန်းခေါင် စာရင်း  ကောက်ယူခြင်းဆိုင်ရာ ရုပ်မြင်သံကြား  ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲတွင် ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရ သည်။                      သတင်းစဉ်