
တောင်ကြီး ဇွန် ၂၈
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ကတိသစ္စာခံယူပွဲနှင့် ကျောင်း ဆင်းပွဲ စစ်ရေးပြအခမ်းအနားကို ဇွန် ၂၈ ရက် နံနက် ၇ နာရီက ရှမ်းပြည်နယ် ဟိုပုံး မြို့ နယ်မြေခံတပ်၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ နယ်မြေခံ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့် တပ်မတော် အရာရှိကြီးများ၊ ပြည်နယ်စီးပွား ရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ ဒေသခံ ပြည်သူများနှင့် ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ တက်ရောက်ကြ သည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း သင်တန်းသားများက သင်တန်းကျောင်း ကျောင်းအုပ်ကြီးကို အလေးပြုကြပြီး အခမ်း အနား တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံကို အလေးပြုကြ၍ ကျောင်း အုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်က ပြည်သူ့ စစ်မှုထမ်း သင်တန်းဆင်းတပ်ခွဲကို ကြည့်ရှုစစ်ဆေးသည်။ (အပေါ်ပုံ)
ချီတက်အလေးပြု
ဆက်လက်၍ သင်တန်းဆင်းတပ်ခွဲက ကတိသစ္စာခံယူ၍ ကျောင်းအုပ်ကြီးက သင်တန်းထူးချွန်ဆု ရရှိခဲ့ကြသူများကို တစ်ဦးချင်းဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ပြီး ကျောင်းအုပ်ကြီးက သင်တန်း ဆင်းမိန့်ခွန်း ပြောကြားပြီးနောက် သင်တန်းဆင်းတပ်ခွဲက ကျောင်းအုပ် ကြီးကို စစ်ကြောင်းပုံစံဖြင့် ချီတက် အလေးပြုခဲ့ကြသည်။
ဂုဏ်ပြု
ထောက်ပံ့ငွေပေးအပ်
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် က စားရိပ်သာခန်းမ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများကို ကြိုဆိုဂုဏ်ပြုစကားပြောကြားပြီး သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် တပ်မတော် အရာရှိကြီးများ၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်း သင်တန်းသားများနှင့် အတူတကွ လက်ဖက်ရည်သုံးဆောင်ကြပြီး ပြည်နယ် မှ သင်တန်းသားများအတွက် ဂုဏ်ပြု ထောက်ပံ့ငွေပေးအပ်ရာ သင်တန်း ကျောင်း ကျောင်းအုပ်ကြီးက လက်ခံရယူ ခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း
(တောင်ကြီး)