
နေပြည်တော် ဇွန် ၂၈
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကိုယ်တိုင်ပါဝင်ထမ်းဆောင်နိုင်ရေးအတွက် မိမိ သဘောဆန္ဒအလျောက် စာရင်းပေးသွင်းပြီး သင်တန်း တက်ရောက်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၁)သင်တန်းဆင်းပွဲ အခမ်းအနားများကို ယမန်နေ့ နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများ၌ ကျင်းပပြုလုပ် သည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ် စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး သင်တန်းဆင်းပွဲတွင် သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ကြကာ ကတိသစ္စာခံယူ ခြင်းကို ဆောင်ရွက်သည်။
ထို့နောက် သက်ဆိုင်ရာ သင်တန်းကျောင်းအလိုက် ကျောင်း အုပ်ကြီးများက သင်တန်းဆင်းထူးချွန်ဆုများဖြစ်သည့် စံပြ တပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည် တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင် ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေးပထမဆု၊ အိပ်ဆောင် အကောင်းဆုံးဆု ရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်း အမှာစကားများ ပြောကြားကြသည်။
သင်တန်းဆင်းပွဲ အခမ်းအနား များအပြီးတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်း မှူးများနှင့် တာဝန်ရှိသူများသည် သင်တန်းကျောင်း ခန်းမများ၌ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၁) မှ သင်တန်းဆင်း နိုင်ငံ့သားကောင်း စစ်သည်များ ကို တွေ့ဆုံအမှာစကား ပြော ကြားကာ ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးကြသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁) ကို ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်း ကာလအတွင်း ကြံ့ခိုင်ရေးဘာသာ ရပ်၊ စစ်ရေးပြဘာသာရပ်၊ ခြေလျင် လက်နက်ငယ် ဘာသာရပ်များကို လည်းကောင်း၊ စစ်နည်းဗျူဟာ ဘာသာရပ်တွင် ပါဝင်သည့် ကိုယ်စီ စစ်မြေပြင်ကျွမ်းကျင်မှု၊ အဖွဲ့အလိုက်၊ တပ်စိတ်အလိုက် လေ့ကျင့်ခြင်း၊ ချီတက်မှုလေ့ကျင့် ခြင်း၊ အထူးစစ်နည်းဗျူဟာ၊ စစ်ဘက်ရေးရာလုံခြုံရေး၊ ချေမှုန်း ရေးလေ့ကျင့်ခန်း စသည့်သင်ခန်း စာများကိုလည်းကောင်း စာတွေ့၊ လက်တွေ့ စနစ်တကျသင်ကြား လေ့ကျင့်ခဲ့ကြပြီး စစ်မြေပြင် အင်ဂျင်နီယာဘာသာရပ်၊ စစ် မြေပြင်အုပ်ချုပ်ရေး ဘာသာရပ် နှင့် အထွေထွေဘာသာရပ်များ ကိုလည်း ရက်သတ္တပတ်အလိုက် အဆင့်ဆင့် လေ့ကျင့်သင်ကြား ပေးခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ လေ့ကျင့်သင်ကြား ခဲ့ကြရပြီး သင်တန်းဆင်းခဲ့ကြ သည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)မှ နိုင်ငံ့သားကောင်း စစ်သည်များအနေဖြင့် အဖွဲ့ အစည်း စိတ်ဓာတ်များ (Team Sprit)၊ အဖွဲ့အစည်းဖြင့် စည်းစနစ် ကျနစွာ လုပ်ကိုင်ဆောင်ရွက် တတ်သည့် အလေ့အကျင့်များ (TeamWork)၊ ရဲဘော်ရဲဘက်စိတ် (esprit de corps) နှင့် နိုင်ငံ ကောင်းအောင် ဆောင်ရွက်လို သည့် စိတ်ဓာတ်များ ရရှိခဲ့ကြပြီး တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးသို့ သွားရောက်၍ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို လေးစား ဂုဏ်ယူစွာဖြင့် ထမ်းဆောင်ကြ တော့မည်ဖြစ်ကြောင်း သိရှိရ သည်။
ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၁) တွင် တက်ရောက် ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့ အကျင့်ကောင်းများ၊ ယုံကြည် ချက်၊ ခံယူချက်များနှင့် သင်တန်း ဆင်းပြီးနောက် မိမိတို့တာဝန် ကျရာ တပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက် တာဝန်ထမ်းဆောင် သွားမည့် အခြေအနေများနှင့် ပတ်သက်၍ သင်တန်းဆင်း နိုင်ငံ့ သားကောင်း စစ်သည်များ၏ စကားသံများကိုလည်း ယခုလို ကြားသိရသည်...
စစ်သင်တန်း ပြီးဆုံးသွားခဲ့ ပါပြီ။ ကျွန်တော်အခုဆိုရင် ပြည်သူ့စစ်မှုထမ်းရဲ့ အဆင့်မြင့် အခြေခံစစ်ပညာတွေ အကုန်လုံး ကို တတ်မြောက်ပြီးသွားပါပြီ၊ ကျွန်တော်တို့ နှစ်နှစ်တာ တာဝန် ထမ်းဆောင်တဲ့ အချိန်မှာလည်း အကောင်းဆုံး ပေးဆပ်ပြီးတော့ တာဝန်ထမ်းဆောင်သွားမှာပါ၊ နှစ် နှစ်တာ တာဝန်ပြီးဆုံးသွားတဲ့ အချိန်မှာလည်း တပ်မတော်က လိုအပ်လာခဲ့ရင် နိုင်ငံလူမျိုး အတွက် အချိန်မရွေး အသက် စွန့်ပြီးတော့ ကာကွယ်စောင့်ရှောက် သွားဖို့ ကျွန်တော်စဉ်းစားထားပါ တယ်၊ ပြီးတော့ ကျွန်တော်အရင် ကထက်စာရင် နိုင်ငံအပေါ် ပိုပြီးတော့ ချစ်မြတ်နိုးတဲ့စိတ်တွေ၊ လူမျိုးအပေါ် ပိုပြီးချစ်မြတ်နိုးတဲ့ စိတ်တွေလည်း အများကြီး ရှိလာခဲ့ပါတယ်၊ အခုလိုမျိုးအဆင့် မြင့် အခြေခံစစ်ပညာတွေကို သင်ကြားခဲ့ရတဲ့ အတွက်လည်း လွန်စွာပဲ ဝမ်းမြောက်ဂုဏ်ယူမိပါ တယ်၊ နောက်တက်လာမယ့် လူငယ်တွေအကုန်လုံးကို ပြောချင် တာကတော့ ကောလာဟလတွေ၊ အပြင်မှာ ကြားနေရတဲ့ သတင်း တွေကို မယုံကြည်ဘဲ ရဲရဲရင့်ရင့်နဲ့ တိုင်းပြည်အတွက် တာဝန်ထမ်း ဆောင်ဖို့အတွက် ကျွန်တော်က ဖိတ်ခေါ်လိုပါတယ်၊၊
ကျွန်တော်တို့ အဖွဲ့အစည်း စိတ်ဓာတ်ရှိဖို့တွေ၊ စည်းလုံး ညီညွတ်အောင် သင်တန်းကနေ အားလုံး တိုက်ရည်ခိုက်ရည် ပြည့်ဝမှုတွေအများကြီး သင်ကြား ပေးပါတယ်၊ အဖွဲ့အစည်းစိတ်ဓာတ် ရှိအောင်လည်း သူငယ်ချင်းတွေနဲ့ သေနတ်ပစ်တဲ့အခါ၊ ချေမှုန်းရေး သွားတဲ့အခါ၊ ကိုယ်စီတိုက်တဲ့ အခါမှာ အကုန်လုံး ညီညီညွတ် ညွတ်နဲ့ တိုက်ပွဲတစ်ခုအောင်မြင် အောင် တိုက်လို့ရတဲ့အထိ သင်ကြားပေးပါတယ်၊ အကုန်လုံး က စိတ်ဓာတ်နဲ့ ခံယူပြီးတော့ တိုက်ခိုက်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် အောင်မြင်မယ်လို့ ကျွန်တော် ယူဆပါတယ်၊ နောက်ထပ်နောက် ထပ်လာတက်ရောက်မယ့် ညီငယ် တွေကိုလည်း ဖိတ်ခေါ်ပါတယ်၊ ကျွန်တော်တို့လိုပဲ အကောင်းဆုံး ကြိုးစားနိုင်တဲ့ နိုင်ငံသားစစ်သား ကောင်းတစ်ယောက် ဖြစ်စေချင် ပါတယ်၊ ပြည်သူ့စစ်မှုထမ်းကို ဦးနှောက်ထဲမထားပါနဲ့၊ စစ်သား ကောင်း တစ်ယောက်ဖြစ်အောင် လို့ပဲ ကြိုးစားစေချင်ပါတယ်၊ အထက်လူကြီးရဲ့ စကားကို နားထောင်ပြီး ပေးအပ်တဲ့အမိန့်ကို တာဝန်ကျေပွန်စွာ ထမ်းဆောင် မယ်ဆိုရင် အောင်မြင်မယ်လို့ကျွန်တော်ယူဆပါတယ်။
ကျွန်တော်ကတော့ ပြည်သူ့ စစ်မှုထမ်းအမှတ်စဉ် ၁/ ၂၀၂၄ တက်ရောက်ခဲ့တာပါ၊ ဒီသင်တန်း ကို နိုင်ငံတော်က ပြည်သူ့စစ်မှု ထမ်းဥပဒေ အတည်ပြုပြီးတဲ့ နောက် ကျွှန်တော့်ဆန္ဒအရ ဝင်ရောက်ပြီး သင်တန်းကာလ အတွင်းမှာလည်း အခြေခံစစ်ပညာ ရပ်များကို လေ့လာသင်ယူခွင့်ရခဲ့ ပါတယ်၊ သင်တန်းတက်ရောက် ချိန်မှာ နေထိုင်ရေး၊ စားသောက် ရေး အကုန်လုံး အစစအရာရာ အဆင်ပြေပါတယ်၊ သင်ခန်းစာ လေ့ကျင့်ချိန်မှာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအပေါ် ကာကွယ် စောင့်ရှောက်ခွင့်၊ အလုပ်အကျွေး ပြုခွင့်ရတော့မယ်ဆိုတဲ့ ခံယူချက် နဲ့ လိုက်ပါလုပ်ဆောင် လေ့ကျင့်ခဲ့ ပါတယ်၊ စစ်သင်တန်းဟာ ခက်ခဲ ပင်ပန်းတဲ့ သင်တန်းဖြစ်တယ်၊ အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပါ တယ်၊ အခုသင်တန်းပြီးဆုံးတဲ့ အတွက် နိုင်ငံတော်က ပေးအပ်တဲ့ မည်သည့်တာဝန်မဆို ကျေပွန်စွာ ထမ်းဆောင်သွားပါမယ်။
ညပိုင်းတွင် သင်တန်းကျောင်း အသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၁) မှ နိုင်ငံ့ သားကောင်း စစ်သည်များအတွက် သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲများ ပြုလုပ်ကြသည်။ အဆိုပါ ညစာစားပွဲများတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မြဝတီ တေးဂီတအဖွဲ့နှင့် နယ်လှည့် ပြည်သူ့ဆက်ဆံရေး အဖွဲ့များက တေးသီချင်းများဖြင့် ဂုဏ်ပြုသီဆို ဖျော်ဖြေခဲ့ကြကြောင်း သတင်း ရရှိသည်။ သတင်းစဉ်