ချင်းပြည်နယ် ဟားခါးမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေး အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူ

ဟားခါး    ဇွန်   ၂၈
၂၀၂၄    ခုနှစ်    လူဦးရေနှင့် အိမ်အကြောင်းအရာ   သန်းခေါင် စာရင်းကောက်ယူနိုင်ရေး အသိ ပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို  ဇွန် ၂၇ ရက်  နံနက်   ၉ နာရီခွဲက    ဟားခါးမြို့   ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့ရှိ  ဗိုလ်ချုပ်လမ်းမကြီးပေါ်၌ ကျင်းပ ရာ   ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေး မှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊  အစိုးရမဟုတ် သော အသင်းအဖွဲ့မှ တာဝန်ရှိသူ များ၊   ချင်းပြည်နယ်   လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ  တာဝန်ရှိသူများနှင့် ယဉ်ကျေးမှုအဖွဲ့များ တက်ရောက် ကြသည်။ 
ဦးစွာ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူနိုင်ရေး အသိ ပညာပေး       မြေစိုက်ပိုစတာ ဆိုင်းဘုတ်ကို     ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်း ထန်၊    ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊    ပြည်နယ် အစိုးရအဖွဲ့     အတွင်းရေးမှူး ဦးအောင်ချိုနှင့် လူဝင်မှုကြီးကြပ် ရေးနှင့်  ပြည်သူ့အင်အား   ဦးစီး ဌာန၊   ချင်းပြည်နယ်   ဦးစီးမှူး ဦးဇော်ဝင်းမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ်ဝန်ကြီးများ၊  ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊  ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊  ချင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ    တာဝန် ရှိသူများ၊    အစိုးရမဟုတ်သော အသင်းအဖွဲ့မှ တာဝန်ရှိသူများနှင့် ယဉ်ကျေးမှုအဖွဲ့များ    စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ    ရိုက်ကြ  ပြီး   ၂၀၂၄   ခုနှစ်   လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း      ကောက်ယူနိုင်ရေး  အသိပညာပေး  မြေစိုက်ပိုစတာ စိုက်ထူခြင်း     အခမ်းအနားကို  အောင်မြင်စွာ   ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)