ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ခင်ဝိုင်းကျေးရွာ ခင်ဝိုင်းကျောင်းတိုက် ဦးစီးပဓာန နာယက နိုင်ငံတော်သြဝါဒါစရိယ၊ ဘဒ္ဒန္တဉာဏဝံသ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဝနတ်ထံပျံလွန်တော်မူ

နေပြည်တော်    ဇွန်    ၂၈
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ခင်ဝိုင်းကျေးရွာ ခင်ဝိုင်းကျောင်းတိုက် ဦးစီးပဓာနနာယက၊    နိုင်ငံတော်သြဝါဒါစရိယ၊   ဘဒ္ဒန္တဉာဏဝံသ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) သက်တော် (၈၀)နှစ်၊ သိက္ခာ (၆၀)ဝါရှိ မဟာထေရ်မြတ်ကြီးသည်  ၁၃၈၆ ခုနှစ်၊  နယုန်လပြည့်ကျော်  ၆ ရက်၊(ဇွန် ၂၇ ရက်)၊ ကြာသပတေးနေ့၊ ညနေ ၆ နာရီ ၇မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်းနှင့် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့် ကျော် ၁၄ ရက်၊ (ဇူလိုင် ၅ ရက်)၊  သောကြာနေ့၊  မွန်းတည့် ၁၂ နာရီ တွင် အန္တိမစျာပနကျင်းပမည်ဖြစ်ကြောင်း    သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။                   

သတင်းစဉ်