မြဝတီ - ကော့ကရိတ် ကားလမ်းများ ပြန်လည်ဖွင့်လှစ်

ကော့ကရိတ်     ဇွန်   ၂၈
၂၀၂၃ ခုနှစ်  နိုဝင်ဘာလအတွင်းမှစတင်ပြီး အကြမ်းဖက်သောင်းကျန်း သူများက ကော့ကရိတ်မြို့တွင်းနှင့် မြဝတီ - ကော့ကရိတ် အာရှလမ်းမ ကြီးကို  ဝင်ရောက်နှောင့်ယှက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲများဖြစ်ပွား ကာ အာရှလမ်းမကြီးကို ယာယီပိတ်ထားခဲ့ရပြီး မော်တော်ယာဉ်များနှင့်  ကုန်စည်များ    ကူးသန်းသွားလာရောင်းဝယ်မှုများ  ပြတ်တောက်ခဲ့ ရကြောင်း သိရသည်။
ထို့ကြောင့် မော်တော်ယာဉ်များနှင့် ကုန်စည်များ ကူးသန်းသွားလာ ရောင်းဝယ်မှုများ အဆင်ပြေစွာ ပြန်လည်သွားလာနိုင်စေရေးအတွက် တာဝန်ရှိသူများက စီမံကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၇ ရက် ညနေ ၄ နာရီမှစတင်၍    မြဝတီဘက်မှ  အာရှလမ်းဟောင်းအတိုင်း မြဝတီ - ဝေ့ရှမ်း - အောက်ဘိုတဲ - ရန်ကုတ်မှ တစ်ဆင့် ဘားအံမြို့သို့ ထွက်ခွာမည့် အိမ်စီးကားအသေးများ၊  ခရီးသည်ယာဉ်ငယ်များနှင့် ကုန်တင်ယာဉ်ငယ်များကို   ကော့ကရိတ်မြို့   အမှတ် (၇)ရပ်ကွက် အမှတ်(၃)ဂိတ်(ခင်နိမ်းမူ)မှတစ်ဆင့် မြို့တွင်းဝင်ရောက်ပြီး တံတား ကျိုးဂိတ်သို့ စတင်ဖြတ်သန်းသွားလာလျက်ရှိပြီး ဇွန် ၂၈ ရက် နံနက် ၇ နာရီခွဲမှစတင်၍  အေးချမ်းစွာ  ပုံမှန်သွားလာနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကားလမ်းများ    အေးချမ်းစွာပုံမှန်သွားလာမှု   အခြေ အနေများကို  စစ်ဗျူဟာမှူးနှင့်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ရေကျော်ကြီးကျေးရွာအုပ်စုရှိ တံတားကျိုးစစ်ဆေးရေးစခန်း  ပြန်လည်ဖွင့်လှစ်မှုအခြေအနေများ၊ သက်ဆိုင်ရာဦးစီးဌာနများမှ   ဝန်ထမ်းများ၏တာဝန်ထမ်းဆောင်မှု အခြေအနေများနှင့် မော်တော်ယာဉ်များ စစ်ဆေးခံယူမှုအခြေအနေများ ကို  လိုက်လံကြည့်ရှုစစ်ဆေးကြောင်း သိရသည်။   ခရိုင် (ပြန်/ဆက်)