နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား ထိုင်းဘုရင့်တပ်မတော်မှ Lt. Gen. Prasan Saengsirirak ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော်   ဇွန်   ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်  ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား မြန်မာနိုင်ငံက    အိမ်ရှင်အဖြစ်  လက်ခံကျင်းပ      ပြုလုပ်သော (၃၆)ကြိမ်မြောက် မြန်မာ - ထိုင်း ဒေသ ဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးသို့ တက် ရောက်ခဲ့သည့် ထိုင်းကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်   Lt.Gen.   Prasan Saengsirirak   ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က    ယနေ့  မွန်းလွဲပိုင်းတွင်   နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင် ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ  ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အတူ  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ တပ်မတော်အရာရှိကြီး များ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးချစ်ဆွေတို့  တက်ရောက် ကြပြီး  ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နှင့်အတူ   မြန်မာနိုင်ငံ ဆိုင်ရာ  ထိုင်းသံအမတ်ကြီး   Mr.Mongkol Visitstump နှင့် ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီးများတက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို  ပိုမိုတိုးမြှင့်ခိုင်မာ အောင် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့်   မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးဆိုင်ရာကိစ္စရပ်များအား    ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊  နှစ်နိုင်ငံ   တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်  နယ်စပ်ဒေသ  တည်ငြိမ် အေးချမ်းရေး၊   ဖွံ့ဖြိုး တိုးတက်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ များကို အောင်မြင်စွာဆောင်ရွက်နိုင်မည့်အခြေအနေများ၊    တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍   အမြင်ချင်းဖလှယ်   ဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံပွဲအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီး ချုပ်(ကြည်း)နှင့်    ထိုင်းကိုယ်စားလှယ်    အဖွဲ့ခေါင်းဆောင်တို့သည် လက်ဆောင်ပစ္စည်းများ    အပြန်အလှန်ပေးအပ်ကြပြီး   အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။           သတင်းစဉ်