
နေပြည်တော် ဇွန် ၂၉
ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်းချန်းမြို့၌ ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း၏ တိုင်းရင်းဆေးဖိုရမ်သို့ တက်ရောက် ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် မြန်မာ နိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြ သည်။
ဇွန် ၂၇ ရက်က ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကျန်းရှီး ပြည်နယ်ရှိ ကျန်းကျုံးတိုင်းရင်းဆေးဥယျာဉ်နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက် လေ့လာရာ တာဝန်ရှိသူများက တရုတ် တိုင်းရင်းဆေးဝါးသမိုင်း ကြောင်း၊ ဖွံ့ဖြိုးတိုးတက်လာပုံ အဆင့်ဆင့်၊ တိုင်းရင်းဆေး ဥယျာဉ်အတွင်း တိုင်းရင်းဆေးပင် များပြုစုပျိုးထောင်ထားမှု၊ ခေတ်မီ စက်ကိရိယာနှင့် နည်းစနစ်များ အသုံးပြု၍ အဆင့်မြင့်တရုတ် တိုင်းရင်းဆေးဝါးများ ထုတ်လုပ် ထုပ်ပိုးနေမှုနှင့် အရည်အသွေး ထိန်းချုပ်မှုအပိုင်းများကို လိုက်လံ ရှင်းလင်းပြသသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် နန်ချန်း တိုင်းရင်းဆေး တက္ကသိုလ်သို့ သွားရောက်လေ့လာရာ တာဝန် ရှိသူများက တက္ကသိုလ်၏သမိုင်း ကြောင်း၊ ကျောင်းသား ကျောင်းသူ များလေ့လာနိုင်အောင် ဆေးဖက် ဝင်တရုတ်တိုင်းရင်းဆေးပင်များ ကို စနစ်တကျပြင်ဆင်ထားရှိမှု၊ ခေတ်အဆက်ဆက် တရုတ် တိုင်းရင်းဆေးကျမ်းများ စနစ် တကျ ထိန်းသိမ်းထားရှိပြီး မျိုးဆက်သစ်များကို ပညာအမွေ လက်ဆင့်ကမ်းခဲ့ပုံများကို လိုက်လံ ရှင်းလင်းပြသသည်။
ထို့နောက် မြန်မာကိုယ်စား လှယ်အဖွဲ့သည် နန်ချန်းတိုင်းရင်း ဆေးရုံသို့သွားရောက်၍ တရုတ် တိုင်းရင်းဆေး ကုထုံးများဖြစ် သည့် အပ်စိုက်ကုထုံး၊ အပူကုထုံး၊ အနှိပ်ကုထုံးများကို ခေတ်မီစက် ကိရိယာများအသုံးပြု၍ လူကြီး နှင့် ကလေးငယ်များကို ကုသပေး နေမှုကိုလည်းကောင်း၊ ပြန်လည် သန်စွမ်းမှုဌာနတွင် ခေတ်မီစက် ကိရိယာများအသုံးပြု၍ ကုသနေမှု ကိုလည်းကောင်း သွားရောက် လေ့လာကြသည်။
ဇွန် ၂၈ ရက်ကလည်း ပြည်ထောင်စုဝန်ကြီး ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ကျန်းရှီးပြည်နယ် တိုင်းရင်း ဆေးပညာ အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်နှင့် ပါတီအတွင်း ရေးမှူးဦးဆောင်သည့် အဖွဲ့နှင့် တွေ့ဆုံ၍ တိုင်းရင်းဆေးဝါး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေ၊ တိုင်းရင်းဆေး ပညာဦးစီးဌာနနှင့် နန်ချန်း တိုင်းရင်းဆေး တက္ကသိုလ်တို့ အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသွားမည့် အစီ အစဉ်၊ တိုင်းရင်းဆေးပညာပြတိုက် ပေါ်ထွန်းလာရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအစဉ် များနှင့်စပ်လျဉ်း၍ အသေးစိတ် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်