
တီဟီရန် ဇွန် ၂၉
အီရန်နိုင်ငံ၏ (၁၄) ကြိမ်မြောက် သမ္မတ ရွေးကောက်ပွဲ၏ နောက်ဆုံးရလဒ်ထွက်ပေါ်ရန် အဓိက ပြိုင်ဘက်နှစ်ဦးဖြစ်သည့် မာဆွတ်ဒ်ပီဇက်ရှ် ကီယန်နှင့် ဆာအိဒ်ဂျာလီလီတို့ ဇူလိုင် ၅ ရက်တွင် တစ်ကျော့ပြန် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း အီရန်နိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ပြောရေး ဆိုခွင့်ရှိသူ မိုဆန်အက်စ်လာမီက ပြောကြား သည်။
အီရန်နိုင်ငံမြို့တော် တီဟီရန်၌ ဇွန် ၂၉ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပထမ အကျော့ရလဒ်များ ကြေညာရာ ပီဇက်ရှ်ကီယန် က ဆန္ဒမဲ ၁၀၄၁၅၉၉၁ မဲ(၄၂ ဒသမ ၆ ရာခိုင်နှုန်း)နှင့် ဂျာလီလီက ၉၄၇၃၂၉၈ မဲ (၃၈ ဒသမ ၈ ရာခိုင်နှုန်း) အသီးသီးရရှိကြောင်း အက်စ်လာမီက ပြောကြားသည်။ အခြားကိုယ်စားလှယ်လောင်း နှစ်ဦးဖြစ်သည့် မိုဟာမက်ဘာကာ ခါလီဘတ်ဖ် မှာ မဲ ၃၃၈၃၃၄၀ (၁၃ ဒသမ ၈ ရာခိုင်နှုန်း) နှင့် မွတ်စတာဖာ ပူအာမိုဟာမာဒီက ၂၀၆၃၉၇ မဲ (၀ ဒသမ ၈ ရာခိုင်နှုန်း) ရရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။
အီရန်နိုင်ငံ၏ (၁၄) ကြိမ်မြောက် သမ္မတ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်တွင် ကျင်းပရန် ကနဦး သတ်မှတ်ထားသော်လည်း မေ ၁၉ ရက်က ရဟတ် ယာဉ်ပျက်ကျမှုတွင် သမ္မတအီဗရာဟင်ရိုင်စီ သေဆုံးခဲ့ပြီးနောက် ယခုရွေးကောက်ပွဲကို အရေးပေါ် ကျင်းပခဲ့ခြင်းဖြစ်သည်။
ဆင်ဟွာ