
ရန်ကုန် ဇွန် ၂၉
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Barnaul မြို့၌ နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲ (နဂါးလှေပြိုင်ပွဲ) (Altai Regatta Dragon Festival ) ပြိုင်ပွဲကို ဇွန် ၂၉ ရက်က ကျင်းပရာ မြန်မာနိုင်ငံကိုယ်စားပြု လှေလှော်အားကစားသမားများပထမ(ရွှေတံဆိပ်)ဆွတ်ခူးရရှိထား ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ၌ မီတာ ၂၀၀ အမျိုးသား ၁၀ တက်လှော်တွင် မြန်မာပထမ (ရွှေတံဆိပ်)၊ အင်ဒိုနီးရှားကဒုတိယ(ငွေ)၊ ကမ္ဘောဒီးယားနိုင်ငံ က တတိယ(ကြေး) တံဆိပ်၊ စတုတ္ထဖိလစ်ပိုင်၊ ပဉ္စမနှင့်ဆဋ္ဌမဆုတို့ကို ရုရှားနိုင်ငံတို့က အသီးသီးရရှိခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်ရုရှား၊ မလေးရှား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဥဇဘက် ကစ္စတန်နှင့် မြန်မာနိုင်ငံတို့ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ မြန်မာလှေလှော်အဖွဲ့ သည် မီတာ၂၀၀၊ မီတာ၅၀၀၊ မီတာ၂၀၀၀ ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ယင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက် မင်း၊ အုပ်ချုပ်/နည်းပြ နှစ်ဦး၊ အမျိုးသား အားကစားသမား ၁၂ ဦးတို့သည် ဇူလိုင် ၁ ရက်အထိ ယှဉ်ပြိုင်ကြမည်ဖြစ် ကြောင်း သိရသည်။
အာကာစိုး