
ပြည် ဇူလိုင် ၂
စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ပြည်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့က ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့ တက်ရောက်ချီးမြှင့်သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် လူမှုရေးရာ ဝန်ကြီး ဦးမျိုးအောင်တို့က စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အခြေခံပညာကျောင်းများကို အခြေခံ၍ စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်များကို ကျောင်းသားလူငယ်များ နိုင်ငံ့အနာဂတ် လူ့စွမ်းအားအရင်းအမြစ် ပြုစု ပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့် ဓလေ့၊ စာကြည့်တိုက်များသို့ ဝင်ထွက်သွားလာသည့် အလေ့အကျင့်များ ဖြစ်လာစေရန်၊ စာဖတ်ခြင်းကို တန်ဖိုးထားကာ ဉာဏ်ပညာအတွေးအခေါ် မြင့်မား ရေး ဗဟုသုတပြည့်စုံကြွယ်ဝရေးတို့အတွက် စာတတ် သူတိုင်း စာဖတ်ကြရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက် ပြုနိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်ကျင်းပပေးရ ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က စာကြည့်တိုက်များအတွက် စာအုပ်စာပေ ထောက်ပံ့လှူဒါန်းခြင်းနှင့် သီးခြားအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက စာအုပ်စာပေအလှူရှင်များ အား ဂုဏ်ပြုမှတ်တမ်းနှင့် စာပေပညာရှင်များအား ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း ပေးအပ် ချီးမြှင့်ကြသည်။
ဆက်လက်၍ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ၏ တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ ကျပန်းစကားပြောခြင်းနှင့် ပုံပြောပြ ခြင်းတို့ကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် စာအုပ်စာပေပြခန်း များ၊ ရှေးဟောင်းယဉ်ကျေးမှု ပြခန်းများ၊ တက္ကသိုလ်ဆိုင်ရာ ဘာသာရပ်ပြခန်းများ၊ စာကြည့် တိုက်များ၊ ကျောင်းသား ကျောင်းသူ စွမ်းရည်ပြိုင်ပွဲ များနှင့် စာအုပ်ဈေးရောင်းပွဲတော်များအား လှည့်လည်ကြည့်ရှုအားပေးသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)