နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုရှေးရှုပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးအကြားအလပ်မရှိ အချိုးညီမျှတစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဇူလိုင်   ၂
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီ    လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)   ကို    ယနေ့မွန်းလွဲပိုင်းတွင်    နယ်စပ်ရေးရာဝန်ကြီးဌာန   ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်သည်။ 


အစည်းအဝေးသို့     နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ၏    ဖွံ့ဖြိုးတိုးတက်မှု   အကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီ  ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး      ဒုတိယ ဗိုလ်ချုပ်ကြီး     ထွန်းထွန်းနောင်၊ လုပ်ငန်းကော်မတီ     အဖွဲ့ဝင်နှင့် လုပ်ငန်းဆပ်ကော်မတီ    ဥက္ကဋ္ဌ ဒုတိယဝန်ကြီးများ၊       အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့်       တာဝန်ရှိသူများ တက်ရောက်ကြပြီး ဒေသဆိုင်ရာ လုပ်ငန်းကော်မတီဝင်    ပြည်နယ်  နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်  လုံခြုံရေးနှင့်         နယ်စပ်ရေးရာ ဝန်ကြီးများက Online ဖြင့် တက် ရောက်ကြသည်။
ငြိမ်းချမ်းရေးကိုမဖြစ်မနေ 
တည်ဆောက်ရမည်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက  နယ်စပ်ဒေသ   ဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် တိုင်းရင်း သား      စည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး     တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး အကြားအလပ်  မရှိ     အချိုးညီမျှတစွာ     ဖွံ့ဖြိုး  တိုးတက်ရေးကို      အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး  လုပ်ငန်းများ  ဖော်ဆောင်ရာ၌ နယ်မြေတည်ငြိမ် အေးချမ်းရေးသည် များစွာအရေး ကြီးကြောင်း၊     ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက် အချိုးကျသည့်အတွက်      ဒေသ ဖွံ့ဖြိုးတိုးတက်စေရန်     အတွက် ငြိမ်းချမ်းရေးကို       မဖြစ်မနေ တည်ဆောက်ရမည် ဖြစ်ကြောင်း၊ နယ်စပ်ဒေသများ       တည်ငြိမ် အေးချမ်းမှု  ပိုမိုခိုင်မာလာစေရန် အတွက် မူဝါဒများခိုင်မာမှု၊ ညှိနှိုင်း  ပေါင်းစပ် တာဝန်ယူဆောင်ရွက်မှု၊  အစိုးရနှင့်      ပြည်သူပူးပေါင်းပြီး  အားတက် သရော ဆောင်ရွက်မှုတို့ လိုအပ်ကြောင်း၊    ယနေ့အစည်း အဝေး၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု၊     ပြည်နယ်ခွင့်ပြု ရန်ပုံငွေဖြင့် လုပ်ငန်းစီမံကိန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်စေ ရန်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တွင်    ဆောင်ရွက်ရန်     လျာထား သည့်     စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းတင်ပြ ဆွေးနွေးကြရန် ဖြစ်ကြောင်း။
နယ်စပ်ဒေသနှင့်    တိုင်းရင်း သားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက် မှုအကောင်အထည်ဖော်ရေး ဗဟို ကော်မတီ၏ လမ်းညွှန်ချက်များ နှင့်အညီ မိမိတို့လုပ်ငန်းကော်မတီ  အနေဖြင့် နယ်စပ်ဒေသရှိတိုင်းရင်း သားလူမျိုးများ၏ လူမှုစီးပွားဘဝ နှင့် အခြေခံအဆောက်အအုံများ စဉ်ဆက်မပြတ်    ဖွံ့ဖြိုးတိုးတက် စေရေး၊ နယ်စပ်ဒေသနေတိုင်းရင်း သားလူငယ်များကို   ဗလငါးတန် နှင့် ပြည့်စုံပြီး ထူးချွန်ထက်မြက် သည့်    လူ့စွမ်းအားအရင်းအမြစ် များ ဖြစ်ပေါ်လာစေရေး ရည်မှန်း ချက်များထားရှိ၍        အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းဆပ်ကော်မတီများ၊ ဒေသ ဆိုင်ရာ  လုပ်ငန်းကော်မတီများ အနေဖြင့်   အားသွန်ခွန်စိုက်  ပါဝင်        ဆောင်ရွက်     ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
တက်ရောက်လာသူများက 
ဝိုင်းဝန်းအကြံပြုဆွေးနွေး
ဆက်လက်၍ နယ်စပ်ဒေသ နှင့်     တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု          အကောင် အထည်ဖော်ရေး            လုပ်ငန်း ဆပ်ကော်မတီ     ဥက္ကဋ္ဌများနှင့်  ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ   အတွင်းရေးမှူးများက    လက်ရှိ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊   ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက်မည့် အစီ အမံများ၊ လုပ်ငန်းဆောင်ရွက်ရာ တွင် တွေ့ကြုံရသည့် အခက်အခဲ များ၊ အားသာချက်၊ အားနည်းချက် များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက်     ရှင်းလင်း တင်ပြကြရာ တက်ရောက်လာသူ များက ဝိုင်းဝန်းအကြံပြု ဆွေးနွေး ကြသည်။
ထို့နောက် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက       တင်ပြချက်များနှင့် စပ်လျဉ်း၍       ညှိနှိုင်းပေါင်းစပ် ဆွေးနွေးပြီး      အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း      သတင်းရရှိ သည်။                        

သတင်းစဉ်