
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပသည့် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား
လက်မှတ်ရေးထိုးထားသော ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာ အကောင်အထည်ဖော်ဆောင်ရွက်ရေး ဆွေးနွေးပွဲတက်ရောက်
နေပြည်တော် ဇူလိုင် ၂
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီး နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် မော်စကိုမြို့သို့ သွား ရောက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေ ချုပ် H.E. Mr. IGOR KRASNOV နှင့် တွေ့ဆုံဆွေးနွေးသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
အဆိုပါ တွေ့ဆုံပွဲတွင် ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ဥပဒေရေးရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံ ဥပဒေစနစ်၊ ဥပဒေဆိုင်ရာ သတင်းအချက် အလက်နှင့် အတွေ့အကြုံများ အပြန် အလှန်ဖလှယ်ခြင်း၊ ပူးတွဲဆွေးနွေးညှိနှိုင်း ခြင်း၊ ညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲ များ၊ ဥပဒေပညာရပ် အတွေ့အကြုံများ မျှဝေခြင်းနှင့် လေ့လာသင်ယူခြင်းတို့ အတွက် နှစ်နိုင်ငံ ဥပဒေဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အပြန်အလှန် စေလွှတ်ခြင်းနှင့် ဥပဒေရေးရာဝန်ကြီး ဌာနမှ မျိုးဆက်သစ် ဥပဒေအရာရှိများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံး အောက်ရှိ တက္ကသိုလ်များသို့ ဥပဒေ ပညာရပ်များ ဆည်းပူးလေ့လာနိုင်ရန် ပညာတော်သင် စေလွှတ်ခြင်းဆိုင်ရာ ကိစ္စရပ်များ စသည့်ဥပဒေရေးရာဝန်ကြီး ဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေ ချုပ်ရုံးတို့အကြား ၂၀၂၄-၂၀၂၅ ခုနှစ် အတွင်း ပူးပေါင်းဆောင်ရွက်မည့် အစီ အစဉ်များကို အမြင်ချင်းဖလှယ်ဆွေးနွေး ကြသည်။
ထို့ပြင် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့ အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာအရ အကောင်အထည်ဖော် ဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ အစီအစဉ် (၂၀၂၄-၂၀၂၅) စတင် အကောင်အထည်ဖော် ဆောင်ရွက်သည့် အနေဖြင့် နှစ်နိုင်ငံဥပဒေရေးရာ စကားဝိုင်း ဆွေးနွေးပွဲ အစီအစဉ်ကို ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့၏ ဖွဲ့စည်းပုံ၊ ရည်ရွယ် ချက်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ (Structure, Objectives and Organiza-tion Activities of the Ministry of Legal Affairs of the Republic of the Union of Myanmar and the Prosecutor General’s Office of the Russian Fede-ration) ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။
ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည်
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက ဥပဒေရေးရာ ဝန်ကြီးဌာနသည် မဟာဗျူဟာစီမံချက် များကို ချမှတ်အကောင်အထည်ဖော် လျက်ရှိရာ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ် အထိ တရားဥပဒေစိုးမိုးရေးဆီသို့ ခေါင်းစဉ် ဖြင့် ရည်မှန်းချက် ၄ ရပ်ကို ချမှတ် အကောင်အထည်ဖော်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အထိ တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှုများပေးခြင်း ခေါင်းစဉ် ဖြင့် ရည်မှန်းချက် ၅ ရပ်ကို ချမှတ် ဆောင် ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာအဖွဲ့ အစည်းများ၊ မဟာမိတ်နိုင်ငံများနှင့် ရေရှည် တည်တံ့သော ပူးပေါင်းဆောင်ရွက်မှုများ ကို ဆောင်ရွက်နိုင်ရေးသည် ဥပဒေရေးရာ ဝန်ကြီးဌာန၏ ရည်မှန်းချက်များအနက်မှ တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ဥပဒေ ရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာအရ ဥပဒေရေးရာစနစ်များ၊ ဥပဒေပြုရေး ဆိုင်ရာ အတွေ့အကြုံနှင့် သတင်းအချက် အလက်ဖလှယ်ခြင်းတို့တွင် အမြင်ချင်း ဖလှယ် ဆောင်ရွက်နိုင်ရန် ဆွေးနွေးပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများနှင့် မျက်နှာ စုံညီဆွေးနွေးပွဲများ၊ ကျွမ်းကျင်သူများ အပြန်အလှန်ဖလှယ်မှုများဖြင့် နှစ်နိုင်ငံ အဖွဲ့အစည်းနှစ်ရပ်အကြား ပိုမိုပူးပေါင်း ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးမှ ကိုယ်စားလှယ်များက ရုရှားဖက်ဒရေးနိုင်ငံ ရှေ့နေချုပ်ရုံး၏ အမှု လိုက်ပါဆောင်ရွက်သည့် လုပ်ငန်းစဉ်များ၊ အမှုအား ကနဦး စုံစမ်းစစ်ဆေးခြင်း၊ ရှာဖွေခြင်းနှင့် အမှုတည်ဆောက်ခြင်း လုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များ၊ တရားရုံး တွင် အမှုလိုက်ပါ ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ၊ ဖက်ဒရယ်ဥပဒေများကို လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ ကြီးကြပ် ရေးဆိုင်ရာဌာန၏ လုပ်ငန်းစဉ်များ စသည့်ခေါင်းစဉ်များဖြင့် ရှင်းလင်း ဆွေးနွေးပြီး နှစ်နိုင်ငံ ဥပဒေရေးရာကိစ္စရပ် များကို ဆွေးနွေးကြသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီး ဌာနတို့အကြား ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန် လွှာ (Memorandum of Cooperation)နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့ အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာ (Memorandum of Coo-peration) ကို ၂၀၂၃ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ပြီး ဥပဒေရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်