
နေပြည်တော် ဇူလိုင် ၂
ကချင်ပြည်နယ်အတွင်း မိုးသည်း ထန်စွာ ရွာသွန်းမှုများကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်လျက် ရှိပြီး မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများ အတွင်း၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။
အဆိုပါ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည့် ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများအား ယနေ့တွင်လည်း နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်း များက ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။ ထိုသို့ဆောင်ရွက်ပေးနေမှုများကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ရေဘေးသင့် ပြည်သူများအတွက် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ် သည်။
အလားတူ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း၌လည်း မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ချင်းတွင်း မြစ်ရေမြင့်တက်လျက်ရှိရာ ခန္တီး မြို့၏ စိုးရိမ်ရေအမှတ်သည် ၁၃၆၀ စင်တီမီတာဖြစ်ပြီး ယနေ့ တွင် ၁၅၃၅ စင်တီမီတာအထိ မြင့်တက်လာသဖြင့် စိုးရိမ်ရေ အမှတ်ထက် ၁၇၅ စင်တီမီတာကို ကျော်လွန်ခဲ့ကာ ခန္တီးမြို့နယ် အတွင်းရှိ မြို့မရပ်ကွက်၊ ပေါမိုင်း ရပ်ကွက်၊ ဇီးဖြူကုန်းရပ်ကွက်၊ အောင်သာယာကျေးရွာနှင့် ဆင်သေ ကျေးရွာများအတွင်းသို့ မြစ်ရေ ဝင်ရောက်မှုများ ဖြစ်ပေါ်လျက် ရှိသည်။
အဆိုပါ မြစ်ရေဝင်ရောက်မှု ဖြစ်ပေါ်လျက်ရှိသည့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့် ပြည်သူအိမ်ထောင်စု ၁၈၈ စု၊ လူဦးရေ ၆၅၈ ဦးတို့ကို နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ က ရေဘေးကင်းလွတ်ရာနေရာ များသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ သောက်ရေသန့်၊ စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း နှင့် လိုအပ်သည့်ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်