
ဆောပိုလို ဇူလိုင် ၂
ဘရာဇီးနိုင်ငံတောင်ပိုင်း ရီယို ဂရန်းဒေး ဒိုဆိုလ်ပြည်နယ်၏ ၉၀ ရာခိုင်နှုန်းနီးပါး ရေကြီးမြေပြို မှုများကြောင့် လူပေါင်း ၁၇၉ ဦး သေဆုံးခဲ့ပြီး ၃၃ ဦး ပျောက်ဆုံးခဲ့ ကြောင်း ဒေသန္တရအရပ်ဘက် ကာကွယ်ရေးအေဂျင်စီက ဇူလိုင် ၁ ရက်က ပြောကြားလိုက်သည်။
ဧပြီ ၂၉ ရက်က စတင်ခဲ့သော မကြုံစဖူး ပြင်းထန်ဆိုးရွားသည့် ရာသီဥတု နေ့ရက်များကြောင့် လူဦးရေ ၂ ဒသမ ၃၉ သန်းကျော် ထိခိုက်ခဲ့ကြောင်း အဆိုပါ အေဂျင်စီ၏ နောက်ဆုံးအစီရင် ခံစာဖော်ပြချက်အရ သိရသည်။
သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တွင် လူပေါင်း ၄၅၀၀၀၀ ကျော်ကို ဘေးလွတ် ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဇွန်လလယ်၌ ရေကြီး ရေလျှံမှုများ စတင်ဖြစ်ပွားလာ ချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင် လျက်ရှိပြီး အထူးသဖြင့် မကြာ သေးမီက ရေကြီးမှုဖြစ်ပွားခဲ့သော ပေါ်တို အယ်လ်ဂျရေးမြို့ ရေနုတ် မြောင်းစနစ် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြ သည်။
ရီယိုဂရန်းဒေး ဒိုဆိုလ်ပြည်နယ် ပြန်လည်တည်ဆောက်ရန်အတွက် ဘရာဇီးအစိုးရသည် ရီယယ် ၈၅ ဒသမ ၇ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ)ကို လျာထား ခဲ့ကြောင်း ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲ ရေးအကြီးအကဲ ပေါ်လိုပိုင်မန်တာ က ပြောကြားခဲ့သည်။
အာဂျင်တီးနားနှင့် ဥရုဂွေး နယ်စပ်တွင် တည်ရှိသည့် စိုက်ပျိုး ရေးနှင့် မွေးမြူရေးအင်အားစု ကြီးဖြစ်သည့် ရီယိုဂရန်းဒေးဒိုဆိုလ် ပြည်နယ်ရှိ ဒေသခံ ၈၉၀၀၀ နှင့် တိရစ္ဆာန် ၁၅၀၀၀ ကို တပ်မတော်သားများနှင့် အရပ် ဘက် စေတနာ့ဝန်ထမ်းများက ကူညီခဲ့ကြသည်။ ဆင်ဟွာ