
ဆန်တီယာဂို ဇူလိုင် ၂
ချီလီအစိုးရသည် နိုင်ငံ၏ အနိမ့်ဆုံးလုပ်ခလစာကို ချီလီပီဆို ၅၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၅၃၀) သို့ တိုးမြှင့်ခဲ့သည်။ ထိုသို့ တိုးမြှင့်မှုသည် တနင်္လာနေ့တွင် စတင်အကျုံးဝင်ခဲ့ပြီး နှစ်ပေါင်း ၃၀ နီးပါးအတွင်း အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်မှုအဖြစ် သမိုင်းဝင်ခဲ့သည်။
ဇူလိုင် ၁ ရက်မှစကာ ချီလီနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခလစာသည် ၅၀၀၀၀၀ ပီဆိုဖြစ်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အတွက် ပံ့ပိုးမှုတစ်ခုဖြစ်ကြောင်း ချီလီ သမ္မတ ဂယ်ဘရီရယ်ဘောရစ်က လူမှုကွန်ရက် X တွင် ကြေညာခဲ့သည်။ လုပ်ခလစာ တိုးမြှင့်ခြင်းသည် ပိုမို ကောင်းမွန်သော လစာများဖြင့် တရား မျှတသော လူ့အဖွဲ့အစည်းကို တည် ဆောက်ရန်နှင့် မညီမျှမှုများကို လျှော့ချ ရန်ဖြစ်ကြောင်း သမ္မတက ဆက်လက် ပြောကြားသည်။
ချီလီမြို့တော် ဆန်တီယာဂိုတွင် ပြုလုပ်သော ပွဲတစ်ခုတွင် သမိုင်းဝင်လုပ်ခ လစာတိုးမြှင့်ခြင်းကြောင့် အနည်းဆုံး အလုပ်သမား ၈၀၀၀၀၀ နီးပါး အကျိုး ကျေးဇူးရရှိသွားမည်ဖြစ်ကြောင်း သမ္မတ က သတင်းထောက်များကို ပြောကြား ခဲ့သည်။
ဘောရစ် သမ္မတဖြစ်လာသော ၂၀၂၂ ခုနှစ်တွင် နိုင်ငံ၏အနိမ့်ဆုံးလုပ်ခလစာမှာ ၃၅၀၀၀၀ ပီဆိုဖြစ်သည်။ နှစ်နှစ်ကျော် ပြီးစအချိန် ယခု ၂၀၂၄ ခုနှစ်တွင် နိုင်ငံ၏ အနိမ့်ဆုံးလုပ်ခလစာကို နောက်ထပ် ၁၅၀၀၀၀ ပီဆိုအထိ တိုးမြှင့်ပေးနိုင်ခဲ့ ကြောင်း ၎င်းက ဆက်ပြောသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အလုပ်သမားဌာနနှင့် စီးပွားရေးအဖွဲ့ အစည်းများကြား သဘောတူညီချက်ရရှိ ပြီးနောက် အနိမ့်ဆုံးလုပ်ခလစာတိုးမြှင့် ရန် အဆိုပြုချက်ကို ၂၀၂၃ ခုနှစ် ဧပြီလ တွင် လွှတ်တော်သို့ ပေးပို့ခဲ့သည်။
ချီလီတွင် ဝင်ငွေနည်းဆင်းရဲနွမ်းပါး မှုနှုန်းသည် ၆ ဒသမ ၅ ရာခိုင်နှုန်းဖြစ် သည့်အတွက် လူပေါင်း ၁၂၉၂၅၂၁ ဦး သည် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန် ဝင်ငွေလောက်ငမှု မရှိဘဲ ဆင်းရဲစွာဖြင့် နေထိုင်ကြရ သည်။
ဆင်ဟွာ