
နေပြည်တော် ဇူလိုင် ၂
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားတွင် ဖွင့်လှစ်သည့် Mobile Journa-lism သင်တန်းဆင်းပွဲကို နေပြည် တော် (တပ်ကုန်း)ရှိ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား Conference Room ၌ ဇူလိုင် ၁ ရက်က ကျင်းပ ရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က သင်တန်းဆင်း အမှာစကား ပြောကြားပြီး အဖွဲ့လေးဖွဲ့၏ Plan Story သတင်းများ ရှင်းလင်း တင်ပြမှုများအပေါ် သုံးသပ် ဆွေးနွေးသည်။
ထို့နောက် ညွှန်ကြားရေးမှူး ချုပ်က သင်တန်းဆင်းလက်မှတ် များနှင့် အဖွဲ့လိုက် ထူးချွန်ဆုများ ကို ချီးမြှင့်ပြီး သင်တန်းသား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြား သည်။ အဆိုပါ သင်တန်းတွင် သတင်းရေးသားနည်း၊ သတင်း အတတ်ပညာ၊ အင်တာဗျူးဆောင် ရွက်ရာတွင် လိုက်နာရမည့်အချက် များ၊ သတင်းသမားများ လိုက်နာ ရန် အခြေခံအချက်များ၊ သတင်း ထောက်များ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့် ရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း၊ ပေးပို့ခြင်း၊ လက်တွေ့ ဆောင်ရွက်ခြင်းများကို ပြင်ပမှ ပညာရှင်များနှင့် ဌာနရှိ အတွေ့အကြုံရင့် သင်တန်းနည်းပြ များက ရုပ်မြင်သံကြားနှင့် ရေဒီယို ဌာနခွဲမှ သင်တန်းသား ၂၀ အား ဇွန် ၅ ရက်မှ ဇူလိုင် ၁ ရက်အထိ တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရ သည်။ သတင်းစဉ်