
နတ်မောက် ဇူလိုင် ၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ အသက် မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်း ဖွင့်ပွဲ ကို ဇူလိုင် ၁ ရက်က အိုင်ဇောက်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း ၌ ကျင်းပသည်။
အခမ်းအနားတွင် မကွေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးက အမှာစကားပြောကြားပြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရှင်းလင်း ပြောကြားကာ သင်တန်းနည်းပြများက ပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက သင်ထောက်ကူပြုပစ္စည်းများကို သင်တန်းသားများထံ ပေးအပ်သည်။ သင်တန်းတွင် အိုင်ဇောက်ကျေးရွာ မှ သင်တန်းသား ၁၅ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဇူလိုင် ၁ ရက်မှ ၁၅ ရက်အထိ ကျွမ်းကျင်သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့(အခမဲ့) သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သိမ့်သိမ့်မိုး