အခွန်ထမ်းပြည်သူများအတွက် အခွန်ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေးနှင့် ညီညွတ်မျှတသော အခွန်အခများရရှိရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိ

မော်လမြိုင်  ဇူလိုင် ၂
မွန်ပြည်နယ်   အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့  လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက   ပြည်နယ်အစိုးရ အဖွဲ့ရုံး    အောင်ဆန်းခန်းမ၌ ကျင်းပသည်။(ယာပုံ)
ဦးစွာ   မွန်ပြည်နယ်   အခွန် ကောက်ခံမှု အထောက်အကူပြု အဖွဲ့ဥက္ကဋ္ဌ  ပြည်နယ်ဝန်ကြီးချုပ် က       မွန်ပြည်နယ်အနေဖြင့် နိုင်ငံတော်စီးပွားရေး တိုးတက်ရေး အတွက် ရသင့်ရထိုက်သော အခွန် များ အပြည့်အဝကောက်ခံရရှိရေး၊ အခွန်ထမ်း ပြည်သူများအတွက် အခွန်ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး နှင့် ညီညွတ်မျှတသော အခွန်အခ များရရှိရေး   အထူးအလေးထား ဆောင်ရွက်လျက်    ရှိပါကြောင်း၊ ပြည်နယ်အတွင်း   ဝန်ဆောင်မှု လုပ်ငန်း ငါးမျိုးမှ ကောက်ခံရမည့် အခွန်များကို   တိုးတက်ရရှိရေး ဆောင်ရွက်ရန်၊   အခွန်တိုးချဲ့ ကောက်ခံရရှိနိုင်ရေး သက်ဆိုင်ရာ ဌာနများမှ  တာဝန်ရှိသူများက  ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ အခွန်ကောက်ခံမှု အထောက်အကူပြု   အဖွဲ့များ အနေဖြင့်    သက်ဆိုင်ရာကဏ္ဍ အလိုက်  အခွန်ထမ်းများ  တာဝန် သိသိ   လိုလားစွာဖြင့်   အခွန် ထမ်းဆောင်လာစေရန်   စည်းရုံး ဆောင်ရွက်ခြင်း၊   ရသင့်ရထိုက် သည့် အခွန်ငွေများ လွတ်ကင်းမှု မရှိစေဘဲ      အပြည့်အဝရရှိရေး၊ လုပ်ငန်းတာဝန်ကို  အသုံးပြု၍ အဂတိလိုက်စားမှုများ   မဖြစ်ပေါ် စေရေးတို့ကို   အထူးကြပ်မတ် ပူးပေါင်းပါဝင်   ကူညီဆောင်ရွက် ပေးကြရန်လိုကြောင်း ပြောကြား သည်။
ထို့နောက် မွန်ပြည်နယ် အခွန် ကောက်ခံမှု အထောက်အကူပြု အဖွဲ့   တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်   ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဂျွန် စိန်ဂီက ပြည်နယ်အတွင်း အခွန် လျာထားချက်များ        ပြည့်မီ ကျော်လွန်စွာ ကောက်ခံရရှိရေးနှင့် အခွန်ပိုမို       တိုးတက်ရရှိရေး ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာ ကြသည့်      ပြည်နယ်ဆန်စက် လုပ်ငန်းရှင်များအသင်း၊ ပြည်နယ် ရော်ဘာ  စိုက်ပျိုးထုတ်လုပ်သူများ အသင်း၊  မြန်မာနိုင်ငံ ဆောက်လုပ် ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (မွန်ပြည်နယ်)၊       မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်(မွန်ပြည်နယ်) နှင့် ပြည်နယ်  ကုန်သည်များနှင့် စက်မှုလက်မှု   လုပ်ငန်းရှင်များ အသင်းတို့မှ  တာဝန်ရှိသူများက အခွန်လျာထားချက်     ပြည့်မီ ကျော်လွန်စွာ  ကောက်ခံရရှိရေး သက်ဆိုင်ရာ    ကဏ္ဍအလိုက် ရှင်းလင်း      တင်ပြချက်များအပေါ်  ပြည်နယ်ဝန်ကြီးများက ဖြည့်စွက် ဆွေးနွေးတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က   လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ 
အလားတူ   ပြည်နယ်ဝန်ကြီး ချုပ်နှင့်   တာဝန်ရှိသူများသည် ဇူလိုင် ၆ ရက်တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ဂုဏ်ပြုဆုပေးအပ် ချီးမြှင့်ပွဲကို တက်ရောက်၍ အမှာ စကား ပြောကြားပြီး EXIM Bank ချေးငွေကျန်များအတွက်Exchange  Loss နှင့် “ပေးသွင်းရမည့် ငွေများ တာဝန်ကျေပေးသွင်းပြီး”ဖြစ်သည့် မော်လမြိုင်မြို့နယ်  သမဝါယမ အသင်းစုအား   ဂုဏ်ပြုဆုနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ် ချီးမြှင့်သည့် “စီမံခန့်ခွဲရေး ထူးချွန် မှု ဂုဏ်ထူးဆောင်ဆု” ရရှိခဲ့သည့် ပြည်နယ်သမဝါယမ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေး အား    ထပ်ဆင့်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့့်သည်။
ထို့နောက်  ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင်   ငါးဘာသာဂုဏ်ထူး ဖြင့်   အောင်မြင်ခဲ့သည့်  ဝန်ထမ်း သား သမီးများအားလည်းကောင်း၊   စာရေးဝန်ထမ်း ကြီးကြပ်မှုတန်းမြင့် သင်တန်းအမှတ်စဉ်  (၉၂)  တွင် “သေနတ်ပစ်ထူးချွန်ဆုနှင့် စစ်ရေး ပြထူးချွန်ဆု” ဆု နှစ်ဆုရရှိခဲ့သည့် ဌာနခွဲစာရေးဝန်ထမ်းကို   လည်း ကောင်း၊  ဗဟိုဝန်ထမ်းတက္ကသိုလ် အောက်မြန်မာပြည် (ဖောင်ကြီး)တွင်   ထူးချွန်ဆုရရှိကြသူများကိုလည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲ တွင်  ပထမ၊  ဒုတိယ၊ တတိယဆုရ ရှိသည့်   ကျောင်းသူများကိုလည်း ကောင်း ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့့်ကြသည်။
ယင်းနောက်   မွန်ပြည်နယ် သမဝါယမအသင်းစု  ဥက္ကဋ္ဌက  သမဝါယမဦးစီးဌာနဝန်ထမ်းများ၊ အသင်းစုချုပ်အမှုဆောင်များနှင့် အသင်းဝန်ထမ်းများအား ဆန်၊ ဆီ၊ စားကုန်ပစ္စည်းများ    ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်နိုင်(မော်လမြိုင်)