နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်    ဇူလိုင်    ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင်   တရုတ် နိုင်ငံနှင့်      မြန်မာနိုင်ငံတို့သည် မဟာဗျူဟာ မိတ်ဖက်နိုင်ငံများ ဖြစ်ပြီး နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း           ဆောင်ရွက်မှုများ  တိုးတက်ကောင်းမွန်လျက်ရှိသည့်  အခြေအနေများ၊ နှစ်နိုင်ငံအကြား  အဆင့်မြင့်          အရာရှိကြီးများ ချစ်ကြည်ရေးခရီးများ       အပြန် အလှန် သွားရောက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့်         ပြည်တွင်း ငြိမ်းချမ်းမှု ရရှိရေးအတွက် နိုင်ငံ တော်မှ ကြိုးပမ်းဆောင်ရွက်လျက် ရှိမှုနှင့် တရုတ်နိုင်ငံမှ ကူညီဆောင် ရွက်ပေးနေမှု    အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်း ရေးအတွက် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့်  အခြေအနေများနှင့်  လွတ်လပ်ပြီး     တရားမျှတသည့်  ပါတီစုံဒီမိုကရေစီ      အထွေထွေ ရွေးကောက်ပွဲ       ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက် ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း ပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့      နိုင်ငံ တော်    စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ     ကောင်စီတွဲဖက်အတွင်း ရေးမှူး         ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊   ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန     ပြည် ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူတို့       တက်ရောက်ခဲ့ ကြသည်။
စုပေါင်းဓာတ်ပုံရိုက်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် ကြီးတို့သည်          အမှတ်တရ လက်ဆောင်ပစ္စည်းများ    အပြန် အလှန်ပေးအပ်ပြီး စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း   သတင်းရရှိ သည်။                          သတင်းစဉ်