
နေပြည်တော် ဇူလိုင် ၄
မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းက ငွေကျပ်သိန်း ၃၀ ပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန မေခလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌဒေါက်တာ ဒေါ်ဝေဝေသာက လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းက ကချင်ပြည်နယ် ရေကြီး ရေလျှံမှုတွင် စီမံခန့်ခွဲဆောင်ရွက်နေမှုများကို ပြောကြားကာ လှူဒါန်းငွေကျပ်သိန်း ၃၀ ကို လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။
အလားတူ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌက ငါးသေတ္တာဘူး ၁၇၅၀၀ ပေးပို့လှူဒါန်းမှုနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီနှင့်ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနတို့ထောက်ပံ့သော တာပေါ်လင်လိပ်များ၊ အဝတ် အထည်များ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများကို ဇူလိုင် ၃ရက်တွင် တပ်မတော် လေယာဉ်ဖြင့် ကချင်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူ များအတွက် ပေးပို့ထောက်ပံ့လျက်ရှိကြောင်း သိရ သည်။ သတင်းစဉ်