ရုရှားဖက်ဒရေးရှင်းနိုင်ငံ Obninsk မြို့တွင် ကမ္ဘာ့ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံ နှစ် (၇၀)ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် 2nd  International Youth Nuclear Forum သို့ တက်ရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့၏ ရင်တွင်းစကားသံများ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Obninsk မြို့ရှိ ကမ္ဘာ့ပထမဆုံး နျူကလီးယား ဓာတ်အား ပေးစက်ရုံ နှစ် (၇၀) ပြည့်အထိမ်းအမှတ် အဖြစ် 2nd International Youth Nuclear Forum  ကို   ရုရှားဖက်ဒရေးရှင်းနိုင်ငံ Obninsk   မြို့တွင်   နိုင်ငံပိုင်အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) က ကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ ဖိုရမ်သည် နည်းပညာ     ဆန်းသစ်တီထွင်မှုနှင့် နျူကလီးယား  ပညာရေးနယ်ပယ်တွင် ကျွမ်းကျင်သူများ၊ ကျောင်းသားများ၊ သိပ္ပံ ပညာရှင်များနှင့်   လူငယ်ပညာရှင်များ အတူတကွ  ပူးပေါင်းဆောင်ရွက်သည့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းလည်းဖြစ်သည်။   ဖိုရမ်သို့ နိုင်ငံပေါင်း (၇၅) နိုင်ငံမှ  ကိုယ်စားလှယ် ၄၀၀ ခန့်  တက်ရောက်ခဲ့ကြပြီး အဆိုပါ ဖိုရမ်သို့ တက်ရောက်လေ့လာ ဆွေးနွေး ခဲ့ပြီး     မြန်မာကိုယ်စားလှယ်အဖွဲ့၏ အတွေ့အကြုံများ၊    ရင်တွင်းစကားသံ များကို ယခုလို ကြားသိခဲ့ရပါသည် -
ဒေါက်တာသိင်္ဂီမောင်မောင်
ညွှန်ကြားရေးမှူးချုပ်
အဏုမြူစွမ်းအင်ဦးစီးဌာန
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
ရုရှားနိုင်ငံ Obninsk မြို့မှာ ကျင်းပ တဲ့ 2nd  International Youth Nuclear Forum  ဖြစ်တဲ့   Obninsk  Nuclear Education  Week (NEW) 2024 ကို  ROSATOM က ဖိတ်ကြားလို့ တက်ရောက် ခွင့်ရခဲ့ပါတယ်။  Obninsk မြို့က  ရုရှား နိုင်ငံရဲ့      နျူကလီးယားသမိုင်းဝင်မြို့ ဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး နျူကလီး ယားဓာတ်အားပေးစက်ရုံကို ၁၉၅၄ ခုနှစ် မှာ စတင်လည်ပတ်ခဲ့တဲ့အတွက်   အခု  နှစ် (၇၀) ပြည့်အခမ်းအနားကို ကျင်းပတာ ကိုလည်း   တက်ရောက်ခွင့်ရခဲ့ပါတယ်။  အဲဒီဖိုရမ်မှာ  နျူကလီးယားကို   စတင် လေ့လာနေတဲ့ မျိုးဆက်သစ်တွေအတွက် နျူကလီးယား  ဘာသာရပ်နယ်ပယ်က အတွေ့အကြုံရှိ ပညာရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခွင့်ရတဲ့အတွက် အလွန်တန်ဖိုး ရှိပါတယ်။    ဒီဖိုရမ်ကျင်းပစဉ်အတွင်း Nuclear Education ဆိုင်ရာ အခြား ဆက်စပ်အစည်းအဝေးတွေလည်း  တက် ရောက်ခဲ့ပြီး   မြန်မာနိုင်ငံရဲ့ တက္ကသိုလ် တွေမှာ     နျူကလီးယားနည်းပညာ သင်ကြားဖွင့်လှစ်နေမှု၊    လူ့စွမ်းအား အရင်းအမြစ်   ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှု  အခြေအနေကိုလည်း ဆွေးနွေးခဲ့ပါတယ်။
ရုရှားနိုင်ငံက   တက္ကသိုလ်တွေမှာ တက်ရောက်နေတဲ့      နိုင်ငံတကာမှ ကျောင်းသားတွေရဲ့ စကားဝိုင်းဆွေးနွေး ပွဲမှာ  နျူကလီးယားနဲ့ ဆက်စပ်ဘာသာ ရပ်တွေ   ပညာသင်ကြားနိုင်တဲ့ အခွင့် အလမ်းများ၊ တွေ့ကြုံရတဲ့ အခက်အခဲ များကို ဆွေးနွေးဖလှယ်ကြတဲ့အတွက် ကျောင်းသားသစ်တွေအတွက်  များစွာ အကျိုးရှိစေပါတယ်။ တက်ရောက်လာတဲ့ ကျောင်းသားတွေဟာ   နျူကလီးယား စက်ရုံ၊   ပြခန်းတွေလည်း  လေ့လာခွင့်ရခဲ့ ကြပါတယ်။   အလားတူ   ရုရှားနိုင်ငံရှိ တက္ကသိုလ်တွေကနေ     ဘွဲ့ရခဲ့ကြတဲ့  ကျောင်းသားဟောင်း တွေ့ဆုံပွဲကိုလည်း တက်ရောက်ခွင့်ရခဲ့အတွက်     ၎င်းတို့ သင်ကြားခဲ့ရမှု အတွေ့အကြုံတွေ၊ လက်ရှိ တာဝန်ယူဆောင်ရွက်နေတဲ့ အခြေအနေ နဲ့ အမှတ်တရစကားတွေလည်း လေ့လာ သိရှိခဲ့ရပါတယ်။  
ဒေါ်နန်းဇင်သီရိနောင် ကထိက
မန္တလေးနည်းပညာ တက္ကသိုလ်
ကျွန်မကတော့ ရုရှားဖက်ဒရေးရှင်း နိုင်ငံ   Obninsk  မြို့မှာ  ကျင်းပတဲ့ နျူကလီးယားနည်းပညာဆိုင်ရာ   နိုင်ငံ တကာလူငယ်များဖိုရမ်ကို   မန္တလေး နည်းပညာတက္ကသိုလ်နဲ့    နည်းပညာ တက္ကသိုလ် (ကျောက်ဆည်) က ကျောင်း သား ကျောင်းသူတွေနဲ့အတူ လာရောက် တက်ရောက်တာဖြစ်ပါတယ်။ ဒီဖိုရမ်မှာ ဆိုရင်   လူငယ်တွေနဲ့   နျူကလီးယား နည်းပညာတွေ ထိတွေ့ချိတ်ဆက်နိုင်ဖို့ အတွက်   လိုအပ်တဲ့   သတင်းအချက် အလက်တွေ၊ နည်းပညာပိုင်းဆိုင်ရာ အသိ ပညာဖြန့်ဝေမှုတွေ၊   သင်ကြားပြသမှု တွေကို နိုင်ငံတကာက လူငယ်တွေနဲ့အတူ တွေ့ဆုံဆွေးနွေးခဲ့ရပါတယ်။
ဒီပွဲမှာဆိုရင်    နိုင်ငံတကာကနေ ရုရှားနိုင်ငံမှာ ဘွဲ့ကြိုသင်တန်း လာတက် ကြတဲ့    ကျောင်းသား   ကျောင်းသူ တော်တော်များများကိုလည်း တွေ့ခဲ့ရပါ တယ်။ ကိုယ့်နိုင်ငံက ကျောင်းသားတွေ လည်း နိုင်ငံတကာက ကျောင်းသားတွေနဲ့ အပြိုင်    ပြောဆိုဆွေးနွေးနိုင်တာကို တွေ့ခဲ့ရပါတယ်။ ကျောင်းသူတစ်ယောက် ဆိုရင် Group Leader အနေနဲ့ ဦးဆောင် ပြီး ဆွေးနွေးခဲ့ပါတယ်။ သူတို့လေးတွေ နိုင်ငံတကာနဲ့ ဝင်ဆံ့နိုင်အောင် ကြိုးစား ကြတာကို တွေ့ခဲ့ရတဲ့အတွက် ဝမ်းသာ ဂုဏ်ယူမိပါတယ်။ World First Nuclear Power Plant ရဲ့     နှစ် (၇၀)ပြည့်  အထိမ်းအမှတ်အနေနဲ့   ကျင်းပတဲ့ပွဲမှာ  နိုင်ငံတကာမှ  အသိပညာရှင်  အတတ် ပညာရှင်တွေရဲ့ ဆွေးနွေးမှုတွေကိုလည်း တက်ရောက်နားထောင်   လေ့လာခဲ့ရ ပါတယ်။
ပထမဆုံးသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးခဲ့တဲ့      နျူကလီးယား ဓာတ်ပေါင်းဖိုကိုလည်း     သွားရောက် လေ့လာခဲ့ရပါတယ်။ Nuclear Power Plant ဟာဆိုရင် ၄၈ နှစ်ကြာ အောင်မြင် စွာ၊   ဘေးအန္တရာယ်   ကင်းရှင်းစွာနဲ့ အလုပ်လုပ်ခဲ့တဲ့   ဓာတ်ပေါင်းဖိုတစ်ခု ဖြစ်တယ်လို့   သိရပါတယ်။   အခုအခါ မှာတော့   ဓာတ်ပေါင်းဖိုရှိတဲ့နေရာကို  Nuclear Energetics Museum  အဖြစ် ဖွင့်လှစ်ထားပါတယ်။ အခုလို သွားရောက်  လေ့လာခဲ့ရတဲ့အတွက် အသိပညာ၊ ဗဟု သုတတွေ   များစွာရရှိတဲ့အပြင်   နိုင်ငံ တကာက လေ့လာနေသူတွေနဲ့ သိရှိခဲ့ရတဲ့ အတွက်  ကျေနပ်မိပါတယ်ရှင့်။ အတူ လာရောက်တက်ရောက်ကြတဲ့ကလေးတွေ  အနေနဲ့လည်း စိတ်အားထက်သန်မှုတွေ၊ သူတို့ကိုယ်သူတို့ယုံကြည်မှုပိုပြီး ရှိလာစေ တဲ့အတွက် နောင်အခုလိုပွဲတွေကို ကျောင်း သူ  ကျောင်းသားတွေပိုပြီး တက်ရောက် ဖို့အတွက် အားပေးချင်ပါတယ်။
တက်ရောက်ခွင့်     ရအောင်လည်း ကလေးတွေဘက်က လိုအပ်တဲ့ ဘာသာ ရပ်ဆိုင်ရာ လေ့လာမှုတွေ၊ ဘာသာစကား သုံးနှုန်းမှုတွေကို ကြိုးစားပြင်ဆင်ထား စေချင်ပါတယ်။ အခုလို တက်ရောက်ခွင့် ရတဲ့အတွက် ထောက်ပံ့ပေးသော အစိုးရ အဖွဲ့နဲ့ ROSATOM အဖွဲ့ကိုလည်း ကျေးဇူး  တင်ပါတယ်ရှင့်။
မောင်ထက်လျှံဘုန်းနိုင် ဒုတိယနှစ်
နျူကလီးယားအင်ဂျင်နီယာဌာန
မန္တလေးနည်းပညာ တက္ကသိုလ်
Obninsk  NEW 2024 ကို   ပါဝင် တက်ရောက်ဖို့အတွက် မန္တလေးနည်းပညာ  တက္ကသိုလ်မှာ လျှောက်ထားဖြစ်ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ Program ရဲ့ အဓိက     အကြောင်းအရာကတော့  Obninsk မြို့မှာ ပထမဆုံးတည်ဆောက်  ခဲ့တဲ့  World Nuclear Power Plant ရဲ့ နှစ် (၇၀) ပြည့်အခမ်းအနားနဲ့   နောင် မျိုးဆက်သစ်တွေအတွက်     ဘယ်လို တိုးတက်မှုတွေ   လုပ်ကြမယ်ဆိုတာကို ဆွေးနွေးကြတဲ့ အခမ်းအနားပဲ ဖြစ်ပါ တယ်။
 ဒီ Program ရဲ့ ပထမဆုံးရက်မှာ နိုင်ငံအသီးသီးမှ မျိုးဆက်သစ်လူငယ်တွေ က       နျူကလီးယားနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဗဟုသုတတွေကို အချင်းချင်း      မျှဝေဆွေးနွေးကြတဲ့ Workshop ကို  လုပ်ခဲ့ရပါတယ်။ ဒုတိယ ရက်မှာဆိုရင် နိုင်ငံပေါင်းစုံက ကိုယ်စား လှယ်တွေ၊    နျူကလီးယားပညာရှင်တွေ၊     သိပ္ပံပညာရှင်တွေက   နျူကလီးယားနဲ့ ပတ်သက်တဲ့      အကြောင်းအရာတွေ ကို    ဆွေးနွေးတဲ့   Plenary Session  တွေကို       တက်ရောက်ခွင့်ရရှိခဲ့ပါ တယ်။ နောက်ဆုံးရက်မှာတော့   ရုရှားနိုင်ငံရဲ့ နျူကလီးယား     အဏုမြူစွမ်းအင်ကို လေ့လာတွေ့ရှိခဲ့တဲ့     Kurchatov  ရဲ့ နေအိမ်ကို သွားရောက်လေ့လာခွင့်ခဲ့ရပါ တယ်။ အခုလိုမျိုး Obninsk NEW 2024  မှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက် နျူကလီးယား နဲ့ ပတ်သက်တဲ့ နည်းပညာအသစ်အဆန်း တွေ၊ ဗဟုသုတအသစ်တွေကို လေ့လာခွင့် ရရှိခဲ့သလို နိုင်ငံပေါင်းစုံက သူငယ်ချင်း အသစ်တွေနဲ့လည်း ခင်မင်ရင်းနှီးမှု  ရရှိ ခဲ့ပါတယ်။
ဒီ Program ဖြစ်မြောက်အောင် ကူညီ ပေးခဲ့ကြသူတိုင်းကိုလည်း ကျေးဇူးအများ ကြီးတင်ပါတယ်။ နောက်ထပ်မှာလည်း ဒီလို Program တွေအများကြီးကို ပါဝင် ခွင့်ရမယ်လို့လည်း မျှော်လင့်မိပါတယ်။ နောက်ထပ် ကျွန်တော့်လိုလူငယ်တွေကို အကြံပြုချင်တာကတော့ ဒီလိုအခွင့်အရေး  မျိုးတွေ ရရှိလာခဲ့မယ်ဆိုရင် လက်မလွှတ် ဘဲ   ပါဝင်လေ့လာကြဖို့   အကြံပြုချင် ပါတယ်။
မခြူးအိမ်စည် ပဉ္စမနှစ်
နျူကလီးယားအင်ဂျင်နီယာဌာန
မန္တလေးနည်းပညာ တက္ကသိုလ်
Obninsk  NEW 2024 ကို  တက် ရောက်ခွင့်ရဖို့အတွက် မန္တလေးနည်းပညာ  တက္ကသိုလ်ကနေတစ်ဆင့် လျှောက်ထား ခဲ့ရာကနေ   ပါဝင်ခွင့်ရရှိခဲ့တာပဲဖြစ်ပါ တယ်။ Obninsk NEW 2024 Program မှာ ဆိုရင်    ပထမဆုံးအနေနဲ့   Nuclear Generation နဲ့ဆိုင်တဲ့  Workshop  မှာ  ပါဝင်ဆွေးနွေးခဲ့ရပါတယ်။  ဒီ Workshop မှာဆိုရင် နိုင်ငံပေါင်းစုံက လူငယ်တွေနဲ့  Group တွေဖွဲ့ပြီး  ပူးပေါင်းဆောင်ရွက် ခဲ့ကြရတာဖြစ်ပါတယ်။ Group  တစ်ခု ချင်းစီက တိုင်ပင်ဆွေးနွေးခဲ့တဲ့ အကြံပြု ချက်တွေ၊   ကောက်နုတ်ချက်တွေကို  အချင်းချင်း  မျှဝေပေးခဲ့ကြတာပဲဖြစ်ပါ တယ်။
နောက်တစ်နေ့မှာဆိုရင်တော့ နိုင်ငံ ကိုယ်စားပြု Speaker တွေ ဆွေးနွေး ဟောပြောခဲ့တဲ့ Nuclear Industry နဲ့ဆိုင် တဲ့ Topic တွေကို တက်ရောက်နားထောင်    ခဲ့ရပါတယ်။ နောက်ဆုံးတစ်ရက်မှာတော့ ရုရှားနိုင်ငံရဲ့ ပထမဆုံး တည်ဆောက်ခဲ့တဲ့  Nuclear Power Plant ကို သွားရောက် လေ့လာခဲ့ကြရတာပဲ     ဖြစ်ပါတယ်။ ဒီ Program  ကို တက်ရောက်ခွင့် ရရှိခဲ့တဲ့ အတွက်  နျူကလီးယားနဲ့ပတ်သက်တဲ့  အသိပညာဗဟုသုတတွေ    အများကြီး လေ့လာတွေ့မြင်ခဲ့ရပါတယ်။ နိုင်ငံပေါင်းစုံ  က   သူငယ်ချင်းအသစ်တွေ   ရရှိခဲ့ပြီး တော့ Culture Sharing  တွေလည်း  အများကြီးလုပ်ခဲ့ရပါတယ်။ အမှတ်တရ ပစ္စည်း လက်ဆောင်တွေလည်း အများ ကြီး  ရရှိခဲ့ပါတယ်။ သမီးအနေနဲ့  ဒီလို အတွေ့အကြုံတွေ   အများကြီးထပ်ပြီးတော့တွေ့ကြုံခွင့်ရချင်ပါသေးတယ်။
ဒီသုံးရက်အတွင်းမှာတောင် အတွေ့ အကြုံတွေ   ဒီလောက်အများကြီး   ရရှိ ခဲ့တာဖြစ်တဲ့အတွက်    နောက်ထပ်ရက် တွေသာထပ်ရခဲ့ရင်  နောက်ထပ်အခြား သော မသိသေးတဲ့အရာတွေ အများကြီး ထပ်ပြီး  သိရဦးမယ်လို့လည်း ယုံကြည် မိပါတယ်။  ဒီ Program ကို  ပါဝင်နိုင် အောင်   ကူညီပို့ဆောင်ပေးကြသူများ အားလုံးကိုလည်း   ကျေးဇူးအများကြီး  တင်ရှိပါတယ်ရှင့်။    အကြံပြုချင်တာ ကတော့ ဒီလို Program တွေကိုထပ်ပြီး  လုပ်ပေးဖို့ရယ်၊  ကျောင်းသား  အရေ အတွက်   ပိုမိုခေါ်ယူပေးနိုင်မယ်ဆိုရင်  အခုလို အတွေ့အကြုံကောင်းတွေ အများ  ကြီး   ရနိုင်တဲ့လူငယ်တွေ ပိုမိုများပြား လာပြီး  မြန်မာနိုင်ငံရဲ့ Educational Quality ကိုလည်း မြှင့်တင်ပေးနိုင်မယ် လို့ ခံစားမိပါတယ်ရှင့်။  


မဝတ်ရည်ပပဝင်း တတိယနှစ်
နျူကလီးယားအင်ဂျင်နီယာဌာန
မန္တလေးနည်းပညာတက္ကသိုလ်
2nd International Youth Nuclear Forum  ကို   တက်ရောက်ဖို့အတွက်  နည်းပညာတက္ကသိုလ်(ကျောက်ဆည်)က ရွေးချယ်စေလွှတ်ခြင်း ခံခဲ့ရပါတယ်။ ပါဝင်ခဲ့တဲ့ Activity  တွေအနေနဲ့  ကတော့ ပထမရက်မှာ Forum ကို တက်ရောက် လာတဲ့ နိုင်ငံတကာက လူငယ်တွေနဲ့အတူ နျူကလီးယားနဲ့ပတ်သက်တဲ့ ခေါင်းစဉ် ခုနစ်ခုကို  Group တစ်ခုချင်းစီအလိုက် တိုင်ပင်ဆွေးနွေး ဖလှယ်ရတဲ့  Workshop  ကို တက်ရောက်ခဲ့ရပါတယ်။ ဒုတိယရက် မှာတော့  ဖိုရမ်မှာ  ပါဝင်ဆွေးနွေးကြတဲ့  Speaker တွေရဲ့ ဆွေးနွေးပို့ချမှုတွေကို တက်ရောက်    နားထောင်ခဲ့ရပါတယ်။ တတိယရက်မှာတော့ နှစ် (၇၀)  ပြည့် မြောက်ခဲ့ပြီဖြစ်တဲ့   ပထမဆုံးအသုံးပြု ခဲ့တဲ့    Nuclear   Power  Plant  ကို သွားရောက်လေ့လာခွင့်ရရှိခဲ့ပါတယ်။
ရုရှားလူမျိုးတွေရဲ့     စားသောက် နေထိုင်ပုံတွေ၊ နျူကလီးယားစွမ်းအင်ကို လေ့လာစမ်းသပ်နေမှုတွေ၊ ရုရှားလူမျိုး တွေရဲ့    ပြုမူနေထိုင်ဆက်ဆံပုံတွေကို လေ့လာသိရှိခဲ့ရပါတယ်။ ကျွန်မအတွက် ကတော့ ဒီခရီးစဉ်က အင်မတန်မှ တန်ဖိုး ရှိခဲ့ပါတယ်။ နျူကလီးယားနည်းပညာနဲ့ ပတ်သက်ပြီးတော့လည်း   အများကြီး လေ့လာခွင့်ရရှိခဲ့ပါတယ်။   လူတိုင်းမှာ အခွင့်အရေးဆိုတာ ရှိလာနိုင်တာဖြစ်တဲ့ အတွက် ရရှိလာတဲ့အခွင့်အရေးကို အရယူ နိုင်အောင် အမြဲလေ့ကျင့်သင်ကြားထားဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။
မဟန်နဒီထွန်း တတိယနှစ်
နျူကလီးယားအင်ဂျင်နီယာဌာန
နည်းပညာတက္ကသိုလ် (ကျောက်ဆည်)
Obninsk NEW 2024 ကို ပါဝင်ခွင့် ရရှိခဲ့တာကတော့  ညီမတို့ရဲ့ နည်းပညာ တက္ကသိုလ် (ကျောက်ဆည်) ဌာနမှူး ကနေတစ်ဆင့်သိရှိပြီး လျှောက်ထားခဲ့ရာ ကနေ    ပါဝင်ခွင့်ရရှိခဲ့တာ   ဖြစ်ပါတယ်။  ဒီ Program မှာ ပါဝင်ခဲ့ရတဲ့ Activity တွေကတော့ ပထမရက်မှာဆိုရင် Nuclear  Generation နဲ့သက်ဆိုင်တဲ့ Workshop  ကို တက်ရောက်ခဲ့ရပါတယ်။ ဒီ Workshop  မှာဆိုရင် နိုင်ငံတကာက ကျောင်းသား တွေနဲ့အချင်းချင်း   အပြန်အလှန်  မျှဝေ ဆွေးနွေးခဲ့ရပါတယ်။      လူငယ်တွေ အချင်းချင်းအကြားမှာ   ဗဟုသုတတွေ မျှဝေခွင့်ရရှိခဲ့တဲ့  Workshop တစ်ခုပဲ ဖြစ်ပါတယ်။ ဒုတိယရက်မှာတော့ နိုင်ငံ အသီးသီးကနေ       နိုင်ငံကိုယ်စားပြု  တက်ရောက်လာတဲ့  သိပ္ပံပညာရှင်တွေ၊ နျူကလီးယားပညာရှင်တွေက နျူကလီး ယားနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊  အချက်အလက်တွေကို ဆွေးနွေးတင်ပြတဲ့ ပွဲတွေကို တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။ တတိယရက်မှာတော့      ရုရှားနိုင်ငံရဲ့ Atomic    Power   Plant   ကို   စတင် တွေ့ရှိခဲ့တဲ့   သိပ္ပံပညာရှင်    Kurchatov ရဲ့   အိမ်ကို    သွားရောက်လေ့လာခွင့် ရရှိခဲ့ပါတယ်။
Obninsk NEW 2024 မှာဆိုရင် နျူကလီးယားနဲ့သက်ဆိုင်တဲ့   အတွေ့ အကြုံအသစ်တွေအများကြီး   ရရှိခဲ့ပြီး ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်၊ လိုအပ်ချက်တွေကိုလည်း      သိရှိခဲ့ရ ပါတယ်။  ဒီ Program ကဆိုရင်   နိုင်ငံ ပေါင်းစုံက  ပညာရှင်တွေ၊ ကျောင်းသား တွေအားလုံး စုပေါင်းဆောင်ရွက်ခဲ့ကြတာ  ဖြစ်တဲ့အတွက် ကျွန်မတို့ မြန်မာကျောင်း သားတွေလည်း ပါဝင်တက်ရောက်ခွင့်ရတဲ့ အတွက်လည်း   အတိုင်းမသိ   ဝမ်းသာ ဂုဏ်ယူမိပါတယ်။ ဒီလို Program   တွေ ကို နောက်ထပ်လုပ်ပေးနိုင်ဖို့နဲ့  မြန်မာ ကျောင်းသားတွေအနေနဲ့လည်း   ပါဝင် တက်ရောက်ခွင့်ရမယ်ဆိုရင်  လက်လွတ် မခံဘဲ     အကောင်းဆုံးကြိုးစားပါဝင် တက်ရောက်ဖို့ အကြံပြုချင်ပါတယ်။
တွေ့ဆုံမေးမြန်း
အေးနန္ဒာဦး၊ စောအိမွန်