
နေပြည်တော် ဇူလိုင် ၄
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေ မြင့်တက်လျက် ရှိရာ ခန္တီးမြို့၏ စိုးရိမ်ရေမှတ် သည် ၁၃၆၀ စင်တီမီတာဖြစ်ပြီး ယနေ့အထိ ၁၅၃၅ စင်တီမီတာ အထိ မြင့်တက်လျက်ရှိသဖြင့် စိုးရိမ်ရေမှတ်ထက် ၁၇၅ စင်တီ မီတာကို ကျော်လွန်ခဲ့ကာ ခန္တီး မြို့နယ်အတွင်းရှိ မြို့မရပ်ကွက်၊ ပေါမိုင်းရပ်ကွက်၊ ဇီးဖြူကုန်း ရပ်ကွက်၊ အောင်သာယာကျေးရွာ နှင့် ဆင်သေကျေးရွာများအတွင်း သို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ် လျက်ရှိသည်။
အဆိုပါ မြစ်ရေဝင်ရောက် မှုများ ဖြစ်ပေါ်လျက်ရှိသည့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေး သင့်ပြည်သူများအား ယနေ့တွင် နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာဝန်ထမ်းများက ရေဘေး ကင်းလွတ်ရာနေရာများသို့ ကူညီ ရွှေ့ပြောင်းပေးခြင်း၊ သောက်ရေ သန့်၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်း၊ ပေါမိုင်း ရပ်ကွက်ရှိ တောရကျောင်းတိုက် နှင့် သာသနာပြုသီလရှင်ကျောင်း တို့မှ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ အား ဆွမ်းဆန်နှင့် နေ့ဆွမ်း များ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ပေးပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်