
လန်ဒန် ဇူလိုင် ၄
ဗြိတိန်နိုင်ငံရှိ သန်းပေါင်းများစွာသော ပြည်သူများ သည် ဇူလိုင် ၄ ရက်တွင် မဲပေးမှုများ စတင်ပြုလုပ် နေကြပြီဖြစ်သည်။ ဒေသစံတော်ချိန် နံနက် ၇ နာရီမှ စတင်ကာ တိုင်းပြည်တစ်ဝန်း မဲရုံပေါင်း ၄၀၀၀၀ ဝန်းကျင်ကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မဲဆန္ဒနယ်ပေါင်း ၆၅၀ မှ မဲဆန္ဒရှင်များသည် အောက်လွှတ်တော်အတွက် ကိုယ်စားလှယ်များကို ရွေးချယ်ပေးရမည်ဖြစ်သည်။ ပါတီတစ်ခုသည် အဓိကအနိုင်ရရှိရန် အနည်းဆုံးနေရာ ၃၂၆ ခုတွင် အနိုင်ရရှိရမည်ဖြစ်ပြီး ချားလ်ဘုရင် ၃ က အစိုးရဖွဲ့ရန်တောင်းဆိုရမည်ဖြစ်သည်။
ရွေးကောက်ပွဲအကြို သဘောထားကောက်ခံမှု များအရ အဓိကအတိုက်ခံပါတီဖြစ်သည့် လေဘာ ပါတီသည် ကွန်ဆာဗေးတစ်ပါတီအပေါ် ၂၀ ပွိုင့် အသာစီး ရရှိလျက်ရှိသည်။ ကွန်ဆာဗေးတစ်ပါတီ သည် ၁၄ နှစ်ကြာ အာဏာရရှိခဲ့သည့်ပါတီလည်း ဖြစ်သည်။
မဲရုံများပိတ်သည့် ည ၁၀ နာရီ ဝန်းကျင်တွင် မဲစတင်ရေတွက်မှုများ ပြုလုပ်မည်ဖြစ်ပြီး ရလဒ် အများစုကိုမူ ဇူလိုင် ၅ ရက်မှ သိရမည်ဖြစ်သည်။ ဗြိတိန်ဝန်ကြီးချုပ် ရစ်ရှီဆူနက်သည် အထွေထွေ ရွေးကောက်ပွဲပြုလုပ်မည်ဟု မေ ၂၂ ရက်တွင် ကြေညာခဲ့သည်။ ပါလီမန်ကို မေ ၃၀ ရက်တွင် ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။
ဆင်ဟွာ