အဆင့်မြင့် သံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၇/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

နေပြည်တော်   ဇူလိုင်   ၅
နိုင်ငံခြားရေး     ဝန်ကြီးဌာနက ဖွင့်လှစ်ပို့ချခဲ့သည့်     အဆင့်မြင့် သံတမန်ရေးရာ        ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်     (၇/၂၀၂၄) နေပြည်တော်တန်းခွဲနှင့်    ရန်ကုန် တန်းခွဲတို့၏      သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက  နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်ရှိ လောကနတ်ခန်းမ နှင့်  ရန်ကုန်ရှိ   ဝန်ဇင်းမင်းရာဇာ ခန်းမတို့၌      တစ်ပြိုင်တည်း ကျင်းပခဲ့ရာ  နိုင်ငံခြားရေးဝန်ကြီး ဌာန  ဒုတိယဝန်ကြီး ဦးလွင်ဦးက နေပြည်တော်၌   တက်ရောက်၍ သင်တန်းဆင်း     အမှာစကား ပြောကြားသည်။
သင်တန်းဆင်းပွဲ အခမ်းအနား သို့    နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊    ညွှန်ကြား ရေးမှူးချုပ်များနှင့်    တာဝန်ရှိသူ များ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊    ဘာသာရပ် ဆိုင်ရာ        ကျွမ်းကျင်သူများ၊ တက္ကသိုလ်များမှ       ပါမောက္ခ ဆရာကြီး      ဆရာမကြီးများ၊ သင်တန်းသား   သင်တန်းသူများ တက်ရောက်ကြသည်။
အဆင့်မြင့်     သံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း  အမှတ်စဉ် (၇/၂၀၂၄)    ကို     နိုင်ငံခြားရေး ဝန်ကြီးဌာန (နေပြည်တော်) နှင့် (ရန်ကုန်) တို့တွင် တန်းခွဲနှစ်ခုဖြင့်      မေ  ၁၃ ရက်မှ ဇူလိုင် ၅ ရက်အထိ ရုံးဖွင့်ရက်များတွင် နံနက် ၇ နာရီမှ ၉ နာရီအထိ  ရက်သတ္တ ရှစ်ပတ် ကြာ    ဖွင့်လှစ်ပို့ချခဲ့ပြီး    အခြေခံ သံတမန်ရေးရာ       ကျွမ်းကျင်မှု သင်တန်း တက်ရောက်အောင်မြင် ပြီးသူ အစိုးရအဖွဲ့အစည်းအသီးသီး နှင့်   ဝန်ကြီးဌာနများမှ    နိုင်ငံ့ ဝန်ထမ်းများနှင့်    ပြင်ပ ပုဂ္ဂလိက နယ်ပယ်အသီးသီးမှ   သံတမန် ရေးရာနှင့်  နိုင်ငံတကာဆက်ဆံ ရေးဘာသာရပ်များကို     စိတ်ပါ ဝင်စားသူများ  စုစုပေါင်း ၁၀၈  ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းတွင် သံတမန် ရေးရာဘာသာရပ်များ၊     နိုင်ငံ တကာရေးရာများ၊     နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ်များ၊ နိုင်ငံ တကာဥပဒေများ၊     စီးပွားရေး ဆိုင်ရာများ၊ အထွေထွေဗဟုသုတ ဆိုင်ရာများ   စသည့်ဘာသာရပ် များကို          သင်ကြားပို့ချခဲ့ပြီး  သင်တန်းသား   သင်တန်းသူများက မျက်မှောက်ခေတ်     နိုင်ငံတကာ ရေးရာများ၊  လုံခြုံရေး၊  စီးပွားရေး ဖြစ်ပေါ်တိုးတက်မှုများကို     အဖွဲ့ လိုက်    သုတေသနစာတမ်းများ ပြုစုရေးသား၍    ဖတ်ကြားတင်ပြ ခြင်းများကို   လက်တွေ့လေ့ကျင့် ဆောင်ရွက်ခဲ့ကြကြောင်း   သိရ သည်။          
သတင်းစဉ်