
လော့စ်အိန်ဂျလိစ် ဇူလိုင် ၅
ကယ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်း၌ ပြင်းထန်သည့် အပူလှိုင်းဖြစ်ပေါ်နေစဉ် တောမီး လောင်မှုမှာ လျင်လျင်မြန်မြန် ပျံ့နှံ့လာသည့်အတွက် ဇူလိုင် ၄ ရက်က လူပေါင်း ၂၈၀၀၀ ကျော် ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့ရသည်ဟု သိရသည်။
ကယ်လီဖိုးနီးယား သစ်တော နှင့် မီးကာကွယ်ရေးဌာန၏ ပြောကြားချက်အရ ဇူလိုင် ၄ ရက် မွန်းလွဲပိုင်းအထိ မြေဧကပေါင်း ၃၇၀၀ ကျော် မီးလောင်ခဲ့ပြီး ၇ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်နိုင်ခဲ့ ကြောင်း သိရသည်။ တောမီးလောင် မှုကို ငြှိမ်းသတ်ရင်း မီးသတ် သမားလေးဦး ဒဏ်ရာရရှိခဲ့သည်။ တောမီးကြောင့် အဆောက်အအုံ ပေါင်း ၁၂၀၀၀ မှာလည်း သဘာဝ ဘေးအန္တရာယ် ခြိမ်းခြောက်မှု အောက်တွင် ရောက်ရှိနေသည်ဟု ကယ်လီဖိုးနီးယား သစ်တောနှင့် မီးကာကွယ်ရေးဌာနက ပြောသည်။
လက်ရှိတွင် တောမီးကို ငြှိမ်းသတ်နိုင်ရေး မီးသတ်သမား ပေါင်း ၁၉၀၀ ကျော် ပါဝင်ကြိုးပမ်း လျက်ရှိသည်။ ဗျူ့ဒေသတွင် တောမီးအန္တရာယ်ကြောင့် မဖြစ် မနေ ဘေးလွတ်ရာသို့ပြောင်းရွှေ့ ကြရန် အမိန့်ထုတ်ထားသည်။ ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ်း သည် တောမီးငြှိမ်းသတ်နိုင်ရေး အတွက် ဗျူ့ဒေသ၌ အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ သည်။ ဆင်ဟွာ