
ရန်ကုန် ဇူလိုင် ၅
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီ က ကျင်းပလျက်ရှိသည့် ၂၀၂၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ်(MNL) ပွဲစဉ်များအတွက် ရုပ်သံထုတ်လွှင့် ခြင်းနှင့် စပွန်ဆာပံ့ပိုးခြင်းအတွက် သဘောတူစာချုပ် ချုပ်ဆိုခြင်း အခမ်းအနားကို ဇူလိုင် ၅ ရက် မွန်းလွဲ ၁ နာရီက Novotel Yangon Max ဟိုတယ်၌ ကျင်းပ ရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနေရှင်နယ်လိဂ် ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းသိန်းနှင့် လိဂ် ကော်မတီအဖွဲ့ဝင်များ၊ မြန်မာ နေရှင်နယ်လိဂ် ကလပ်အသင်း များမှ ကိုယ်စားလှယ်များ၊ စပွန် ဆာကုမ္ပဏီများမှ တာဝန်ရှိသူများ နှင့် ရုပ်သံတိုက်ရိုက်ထုတ်လွှင့် ပြသမည့် Forever Media Group မှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။
အခမ်းအနားတွင် မြန်မာ နေရှင်နယ်လိဂ် ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်းက ၂၀၂၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များ ကျင်းပရေးအတွက် ကြိုတင် ပြင်ဆင်ထားမှုများကို ရှင်းလင်း ပြောကြားကာ ရုပ်သံထုတ်လွှင့် ခြင်းနှင့် စပွန်ဆာပံ့ပိုးခြင်းများ အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဧရာဝတီဘဏ်လီမိတက် က အဓိကစပွန်ဆာအဖြစ် လည်း ကောင်း၊ AYA Pay ၊ AYA Sompo Insurence၊ Max Cement၊ Mx Energy၊ Alpine သောက်ရေသန့်၊ Fresh AirCon ၊ BYD Mortor Myanmar ၊ CP Five Star၊ M21 Sports Collection ၊ Genius၊ Dong Luc Match Ball တို့က Co-Sponsor များအဖြစ်လည်း ကောင်း ပံ့ပိုးကူညီပေးမည်ဖြစ် သည်။
မြန်မာ နေရှင်နယ်လိဂ်ပွဲစဉ် များအား အများပြည်သူတိုက်ရိုက် ကြည့်ရှုနိုင်ရေးအတွက် Forever Media Group က ရိုက်ကူး ထုတ်လွှင့်ပြီး MRTV-4 နှင့် Channel-7 ရုပ်သံလိုင်းများတွင် ၂၀၂၄ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ပြသသွားမည်ဖြစ်သည်။ ယခု ရာသီ MNL ပြိုင်ပွဲတွင် အသင်း စုစုပေါင်း ၁၂ သင်း၊ MNL-2 (ပထမတန်း) ပြိုင်ပွဲတွင် အသင်း စုစုပေါင်း ရှစ်သင်း၊ MNL ယူ-၂၀ လိဂ်ပြိုင်ပွဲတွင် အသင်းစုစုပေါင်း ၁၃ သင်း၊ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အသင်းစုစုပေါင်း ခုနစ်သင်း ပါဝင်ယှဉ်ပြိုင်လျက် ရှိသည်။
ကိုညီလေး၊ ဓာတ်ပုံ-MFF