နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံ ကြည့်ရှုစစ်ဆေးပြီး ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ထောက်ပံ့

 

မြစ်ကြီးနား  ဇူလိုင်   ၆


နိုင်ငံတော်         စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   ဒေါ်ဒွဲဘူသည်  လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန          ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်    ဦးခက်ထိန်နန်၊ တာဝန်ရှိသူများနှင့်အတူ  ယနေ့ နံနက်ပိုင်းတွင်   ဘေးအန္တရာယ် ဆိုင်ရာ        စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်         ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံ တို့သို့ သွားရောက်ပြီး မြစ်ကြီးနား ခရိုင်အတွင်း        ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ဘေးသင့် ခဲ့သူများအား    ထောက်ပံ့ရန် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ  စီမံခန့်ခွဲမှုကော်မတီက ပေးပို့ထားသည့် ကယ်ဆယ်ရေး ပစ္စည်းများနှင့်၊      သိုလှောင်ရုံ အတွင်းပစ္စည်းများ သိုလှောင်ထား ရှိမှု၊       ကယ်ဆယ်ထောက်ပံ့မှု လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်         နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည်     မဲခေါင်-လန်ချန်းရန်ပုံငွေဖြင့် တည်ဆောက် ပြီးစီးခဲ့သည့်  ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးစခန်းသို့ ရောက်ရှိပြီး သင်တန်းဖွင့်လှစ်ရန် စီစဉ်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနား မြို့ပေါ်ရှိ        မြေမြင့်ရပ်ကွက် ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ် ထားသည့် ရေဘေးရှောင်စခန်းသို့ သွားရောက်ပြီး         ဆန်ရိက္ခာ၊ ငါးသေတ္တာဘူး၊   အဝတ်အထည်၊ သွားတိုက်ဆေး၊  သွားတိုက်တံ စသည့် ထောက်ပံ့ရေးပစ္စည်းများ ကို ပေးအပ်၍ (ဝဲပုံ) ရေဘေးသင့် ပြည်သူများ၏ လိုအပ်ချက်များကို မေးမြန်းကာ ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကား ပြောကြားသည်။    
ယင်းနောက်  မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်     သာသနာ့ရံသီ ဘုန်းတော်ကြီးကျောင်းရှိ ရေဘေး ကယ်ဆယ်ရေးစခန်းသို့  ရောက်ရှိ ကြပြီး   စားသောက်ဖွယ်ရာများ၊ အဝတ်အထည်များ၊     တစ်ကိုယ် ရေသုံးပစ္စည်းများ       ထောက်ပံ့ ပေးအပ်ကာ ရေဘေးသင့်  ပြည်သူ များ၏ လတ်တလော စားသောက် နေထိုင်ရေး၊           ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေတို့ကို မေးမြန်း၍ လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးသည်။
ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနား မြို့  စီတာပူရပ်ကွက်  မနောကွင်း နှင့်မနောအိမ်တော်တို့သို့ ရောက်ရှိ ပြီး       သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့်  ဝန်ထမ်း များနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။
ထို့နောက်          မြစ်ကြီးနား တက္ကသိုလ်အတွင်း   မော်တော် ယာဉ်များဖြင့်  လှည့်လည်ကြည့်ရှု ကြပြီး ဗလမင်းထင်  ဧက ၁၀၀ စံပြစိုက်ကွင်းသို့   ရောက်ရှိရာ တာဝန်ရှိသူများက ရေကြီးရေလျှံမှု ကြောင့် စိုက်ပျိုးထားသော သီးနှံ စိုက်ခင်းများ  ရေနစ်မြုပ်မှု  အခြေ အနေနှင့် ပြန်လည်စိုက်ပျိုးရန် စီမံ ဆောင်ရွက်နေမှု   အခြေအနေကို ရှင်းလင်းတင်ပြရာ  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                 

သတင်းစဉ်