
နေပြည်တော် ဇူလိုင် ၆
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း သို့ ရောက်ရှိပြီး စုပေါင်းသန့်ရှင်း ရေး ဆောင်ရွက်နေမှုနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်သင်ကြားရေး ကျောင်း ဆောင်များကို ကြည့်ရှုစစ်ဆေး ကာ စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်များကို ပေးအပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် အဆိုပါ ကျောင်း၌ ပျဉ်းမနားမြို့နယ် အတွင်းရှိ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး မိမိရပ်ကွက် / ကျေးရွာများရှိ အခြေခံ ပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများ စိမ်းလန်း စိုပြည် သန့်ရှင်းသာယာလှပစေ ရေး၊ အမှိုက်ကင်းစင်စေရေး၊ စံပြ ရပ်ကွက်/ ကျေးရွာများဖြစ်အောင် ဆောင်ရွက်ကြရေးနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းတွင် ကျောင်းသား ကျောင်းသူများ တက်ရောက် ပညာသင်ကြားနိုင်ရေးအတွက် အလေးထား ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် ဒက္ခိဏသီရိ မြို့နယ် အမှတ်(၁၉) အခြေခံပညာ အထက်တန်းကျောင်း၌ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုအားပေးပြီး ဒက္ခိဏသီရိမြို့နယ် ထန်းတပင် တောရ ဆုတောင်းပြည့်ကျောင်း တိုက်အတွင်းရှိ သုခကာရီ စာကြည့်တိုက်သို့ ရောက်ရှိကာ စာကြည့်တိုက်၌ စာအုပ်စာစောင် များ ခင်းကျင်းထားမှုနှင့် ကျေးရွာ နေ ပြည်သူများ၊ လူငယ်၊ လူရွယ် များ စာပေလေ့လာ ဖတ်ရှုနေမှုကို ကြည့်ရှုအားပေးပြီး စာကြည့်တိုက် အတွက် စာအုပ်များ ပေးအပ် လှူဒါန်းသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် ဒက္ခိဏသီရိ မြို့နယ် ထန်းတပင်တောရ ဆုတောင်းပြည့်ကျောင်းတိုက် ဆရာတော်အား သွားရောက် ဖူးမြော်ကြည်ညိုပြီး လှူဖွယ် ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်း မြို့နယ် ဗုဒ္ဓသာသနာပြုဗိမာန်တော် ကြီး၌ တပ်ကုန်းမြို့နယ် ဩဝါဒါ စရိယ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တ စန္ဒာသီရိ သက်တော်ရှည် မြို့ရှေ့စန္ဒာရုံ ဆရာတော်နှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်ခြင်းခံရ တော်မူသော တပ်ကုန်းမြို့နယ်မှ ဆရာတော်ငါးပါးနှင့် သီလရှင် တစ်ပါးတို့အား သွားရောက် ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်း နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်း မြို့နယ် သော်တာကျေးရွာရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (MRTV) သို့ ရောက်ရှိပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ် များ သင်ကြားမည့် စာသင်ခန်းများ နှင့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုကာ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်း မြို့နယ် ခရမ်းစပ်ကုန်းကျေးရွာ အုပ်စု ပေတောကျေးရွာ ကွင်း အမှတ် (၁၃၁၀) ၌ မိုးစပါး အခြောက် မျိုးစေ့ချကိရိယာ (Dry Seeder)ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရာက်ပြီး ခရမ်းစပ်ကုန်း ကျေးရွာအုပ်စုမှ တောင်သူများကို မျိုးစေ့ချကိရိယာ များ ပေးအပ်သည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်း မြို့နယ် ကင်းသာကျေးရွာအုပ်စုကင်းသာကျေးရွာရှိ ဒေါက်တာ ဇော်ထူးမြင့်၏ အသားတိုးဝက် မွေးမြူရေးခြံသို့ သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်