
နေပြည်တော် ဇူလိုင် ၆
ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့ နံနက်ပိုင်းက ပဲခူး တိုင်းဒေသကြီး (အနောက်ခြမ်း) သာယာဝတီမြို့နယ် သုံးဆယ်မြို့ ရှိ ရွှေဝတီကိုယ်ပိုင်အထက်တန်း ကျောင်းအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး ကျောင်းသား ကျောင်း သူများ တိုင်းချစ်ပြည်ချစ်စိတ် ကိန်းအောင်းလာအောင် သင်ကြား ပေးကြရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယ ဝန်ကြီးသည် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်သို့ ရောက်ရှိ ပြီး အဆင့်မြင့်ပညာကဏ္ဍ အရည် အသွေးအာမခံမှု (Quality Ass-urance) မြှင့်တင်ရေးလုပ်ငန်းစဉ် များ အကောင်အထည်ဖော်ရာတွင် ပြည့်မီအောင် ဖြည့်ဆည်းရမည့် စံချိန်စံညွှန်း (Criteria) များကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံ ဆွေးနွေးသည်။
ဒုတိယဝန်ကြီးက ဆွေးနွေး ရာတွင် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များသည် နိုင်ငံတကာ တက္ကသိုလ်များထက် နောက်ကျ မကျန်ရစ်စေရေးအတွက် အရည် အသွေးအာမခံမှု (Quality Ass-urance) လုပ်ငန်းစဉ်များကို စနစ် တကျ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ အမျိုးသားပညာ ရေး အဆင့်အတန်းနှင့် အရည် အသွေးအာမခံမှု ကော်မတီ (NAQAC) ကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ် ကြောင်း၊ အာဆီယံတက္ကသိုလ်များ ကွန်ရက် (ASEAN University Network-AUN) ၏ အရည်အသွေး အာမခံမှု စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ပြီး AUN အသိအမှတ် ပြုမှုလက်မှတ် အမြန်ဆုံးရရှိ အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးပေးကြ စေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန် နိုင်ငံခြား ဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က အာဆီယံ တက္ကသိုလ်များကွန်ရက် အရည် အသွေးအာမခံမှု (AUN-QA)စနစ် ကို ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်၌ လိုက်နာဆောင်ရွက် နေမှုအခြေအနေနှင့် ကျောင်းတွင်း အကဲဖြတ်မှု နှစ်ကြိမ် ဆောင်ရွက်ခဲ့ မှုမှ ရရှိလာသော အကျိုးအမြတ် များနှင့် စိန်ခေါ်မှုများကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်က ရရှိထားသော အတွေ့အကြုံများကို တစ်နိုင်ငံလုံး ရှိ တက္ကသိုလ်များသို့ ဖြန့်ဝေ လေ့ကျင့်မှုများ ဆက်လက် ဆောင်ရွက်နိုင်ရေး၊ တက္ကသိုလ် အဆင့် (Institutional Level)၊ ဘွဲ့ဒီဂရီသင်တန်းအဆင့် (Pro-gramme Level) အရည်အသွေး အာမခံမှု လမ်းညွှန်ချက်များကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ပြုစုဖြန့်ဝေရေး၊ သက်ဆိုင်သူများ ကို လုံလောက်သော လေ့ကျင့်မှု များ ပေးနိုင်ရေးတို့အတွက် ဆက်လက်ဆောင်ရွက်ရန် မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်