
နေပြည်တော် ဇူလိုင် ၆
ယနေ့မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်များအရ ဧရာဝတီ မြစ်ရေသည် ဗန်းမော်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၃ ပေခွဲ ကျော်ခန့် (၁၁၂ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ၁ ပေခွဲခန့် ကျဆင်း လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်သည်။
ရွှေကူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၃ ပေခန့် (၈၄ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေ သည် နောက်တစ်ရက်အတွင်း ၁ ပေခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ကသာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၂ ပေကျော် ခန့် (၆၆ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေ သည် နောက်တစ်ရက်အတွင်း သုံးလက်မခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့ မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေ သည် ခန္တီးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၁၀ ပေခန့် (၂၉၉ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေ သည် နောက်တစ်ရက်အတွင်း ၁ ပေခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ၅ ပေခွဲ ခန့် (၁၆၈ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း ၁ ပေခန့် မြင့်တက်လာနိုင် ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ဖောင်းပြင်မြို့တွင် နောက်တစ်ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက် လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်ပါသည်။
မော်လိုက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၂ ပေခွဲ ခန့် (၇၄ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း ၂ ပေခွဲခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
နန့်ယင်းချောင်း စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ နန့်ယင်းချောင်းရေသည် မိုးကောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၃ ပေခွဲ ကျော်ခန့် (၁၁၂ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေပါသည်။ အဆိုပါ ချောင်းရေသည် နောက်တစ်ရက်အတွင်း ၁ ပေခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
နန့်ကောင်းချောင်း စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ နန့်ကောင်းချောင်းရေ သည် မိုးကောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၃ ပေ ခန့် (၈၄ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါ ချောင်းရေသည် နောက်တစ်ရက်အတွင်း ၁ ပေခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ ဗန်းမော်မြို့နယ်၊ ရွှေကူမြို့နယ်၊ ကသာမြို့နယ်၊ ခန္တီး မြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ မော်လိုက်မြို့နယ်နှင့် မိုးကောင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ် ပါသည်။
မိုး/ဇလ